April 29, 2024

၈. ၃. ၂၀၂၄
Written by Nay Moe

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရွာရှိ တပ်ရင်းတွေကို မနေ့က မတ်လ ၇ ရက် နေ့လယ်ပိုင်းက စပြီး KNU/KNLA ဦးဆောင်တဲ့ ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ PDF တွေက တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာ ကော်ဘရာစစ်ကြောင်း တပ်ခွဲ (၃)က တပ်ခွဲမှူး ဂျွန်နေဇာ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သင်္ဃန်းညီနောင်ရွာမှာ တပ်မတော်ရဲ့ စစ်ဗျူဟာ (စဗခ) တစ်ခုရှိပြီး ခမရ ၃၅၅ ၊ ၃၅၆ နဲ့ ၃၅၇ တပ်ရင်း ၃ ရင်း အခြေစိုက်ထားတာကို မနေ့က ကချင် KIA နဲ့ PDF တွေရဲ့ Operation 0307 မှာ ကရင်ပူးပေါင်းတပ်တွေက သင်္ဃန်းညီနောင်ကို နေ့လယ်ဘက်မှာ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဒီလိုမျိုးဝင်လုံးချိန် မြေပြင်ဝေဟင်စစ်ကူပေးတာကြောင့် KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေ အကျအဆုံးများစွာနဲ့ ဆုတ်ခဲ့ရသလို ညနေဘက်မှာထပ်လုံးတော့လည်း ဗဟိုကင်းနားရောက်လာတယ်ဆိုပေမဲ့ ပြန်လန်ကျခဲ့သေးတာပါ။

ခြေမြန်တပ်ရင်း ၃ ခုထဲက ခမရ ၃၅၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ နဲ့ ကော်ဘရာစစ်ကြောင်းအပါအဝင် PDF ပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်ချိန် ခမရ ၃၅၅ ကျသွားပြီ ပြောပေမဲ့ တကယ်တမ်းမကျဘဲ ကော်ဘရာစစ်ကြောင်း (၃) က တပ်ခွဲမှူးဂျွန်နေဇာ သေဆုံးခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဂျွန်နေဇာသေဆုံးသွားတာမှန်ပေမဲ့ အလောင်းပြန်မရသေးသလို ဒီနေ့မနက်မှာလည်း ကရင်ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက်နေလို့ တိုက်ပွဲပြင်းထန်နေတဲ့အပြင် ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တို့ကလည်း ဗျုဟာကုန်းကို ဆက်လက်ကာကွယ်နေပြီး မြဝတီအထွက် ခလရ ၂၇၅ ကလည်းပစ်ကူပေးနေပေမဲ့ ကုန်သွယ်ရေးဇုန်နဲ့ အာရှလမ်းမပေါ်ပါ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ကနဦးသိရပါတယ်။

ပုံစာ။ သင်္ဃန်းညီနောင်တိုက်ပွဲတွင် သေဆုံးသွားသောတပ်ခွဲမှူး ဂျွန်နေဇာ ရှင်သန်စဥ်မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *