MT News
၄. ၃. ၂၀၂၄

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောငါးစီးနစ်မြှုပ်ခဲ့ပြီး အဲဒီဖြစ်စဥ်မှာ ပါ်ဝင်ခဲ့တဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ပုံရိပ်ကို AA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

AA က ဖော်ပြလာတဲ့ပုံတွေထဲမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပုံရိပ်ပါဝင်ပေမဲ့ အရေအတွက် ဖော်ပြမထားသလို AA ကလည်း ပုံထဲကလူတွေဟာ ဇက်သင်္ဘောတွေ ရေနစ်ချိန် ကယ်တင်ခဲ့၊လက်နက်ချအညံ့ခံတဲ့ တိုက်ပွဲအတွင်း လက်ရဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေနဲ့ တပ်မိသားစုဝင်တွေဖြစ်တယ်လို့ပဲ ဖော်ပြထားပါတယ်။

AA ဟာ ဖေဖော်ဝါရီ ၇ ရက်၊ ၈ ရက်နေ့တွေမှာ တပ်ဆုတ်လာတဲ့ ကလေးသူငယ်တွေ၊ တပ်မတော်သားမိသားစုတွေနဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ခန့်မှန်းလူဦးရေ ၉၁၂ ဦး လိုက်ပါလာတဲ့ စစ်သင်္ဘောနှစ်စီးနဲ့ ကမ်းထိုးယာဥ်တစ်စီးကို တိုက်ခိုက်နှစ်မြှုပ်ပြီး လိုက်ပါလာတဲ့သူ အားလုံးကို ရေပေါ်တင်ဓားနဲ့ ခုတ်သတ်ခဲ့တယ်လို့ ထွက်ပေါ်လာတဲ့ သတင်းရုပ်သံတွေအရ သိရသလို ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း မင်းပြားမြိုနယ်၊ ပုလဲပေါက်ကျေးရွာအနီးမှာ လုံခြုံရေးတပ်ဖွဲဝင် ခန့်မှန်း ၁၀၄ ဦးပါတဲ့ စစ်သင်္ဘောကို တိုက်ခိုက်နှစ်မြုပ်လိုက်တဲ့အပြင် ဖေဖော်ဝါရီ ၁၃ ရက်မှာလည်း မင်းပြားမြိုနယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော နောက်ထပ် (၁) စီးကို ထပ်မံတိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *