◾ သေဆုံးသွားသော ပြည်သူအတွက်စိတ်မကောင်းဖြစ်ရကြောင်း အုတ်ဖို PDF က ပစ်သတ်ပြီးမှ တောင်းပန်
၄. ၃. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ “Shine Cafe”ဆိုင်မှာ စားသောက်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေကို မတ်လ ၃ ရက် မွန်းလွဲ ၃ နာရီ ၄၂ မိနစ်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက PDF တွေက ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒီလို ရှောင်တခင် တိုက်ခိုက်မှုအတွင်း ပျူစောထီးလို့ ကနဦးထင်မြင်တဲ့ ပြည်သူ ၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် နယ်ထိန်း မင်းသွေးတို့ နေရာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပြောပါတယ်။
ဒီလိုမျိုး မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပစ်သတ်ချိန်သေသွားသူတစ်ဦးဟာ ပျုစောထီး (ပြည်သူ့စစ်) မဟုတ်ဘဲ သာမန်ပြည်သူတစ်ဦးဖြစ်နေတာကို ပစ်သတ်ပြီးမှ သိရသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တစ်ဝိုင်းတည်းထိုင်နေလို့ ပြည်သူ့ စစ်ထင်ပြီး ပစ်သတ်ပြီးမှ သာမန်ပြည်သူဖြစ်နေလို့ လွန်စွာစိတ်မကောင်းဖြစ်ရပြီး ကျန်ရစ်သူ မိသားစုဝင်ကို အနူးအညွတ် တောင်းပန်တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပြောပါတယ်။
ပုံစာ။ အုတ်ဖို PDF များ ပစ်သတ်လိုက်သူနှစ်ဦးကို တွေ့ရစဥ်။




