၂. ၃. ၂၀၂၄
Written By Thandar

“သဘင်သည် မြနှင်းဆီ” ဇာတ်လမ်းတွဲမှာ မြ ကာရိုက်တာနဲ့ ပရိသတ် အားပေးချစ်ခင်မှုရရှိလာတဲ့ သရုပ်ဆောင် စင်ဒီမြတ်ကတော့ လာမယ့် Season 2 က အရမ်းမိုက်ပြီး ရှေ့အပိုင်းထက် ဆယ်ဆမက မထင်မှတ်ထားတာတွေ လာမှာပါလို့ ဖွင့်ဟလာပါတယ်။

“သဘင်သည်မြနှင်းဆီ ကလည်း အရင် ပထမအပိုင်းနဲ့ လုံးဝ မတူဘူး။ လာမယ့် Season 2 က ပထမ Season နဲ့ လုံးဝကိုမတူတဲ့ အရမ်းမိုက်ပြီး ရှေ့အပိုင်းထက် ၁၀ ဆမက မထင်မှတ်ထားတာတွေ လာမှာပါ။ ကြည့်တဲ့အခါမှာ လုံးဝ အံ့ဩသွားရမယ့် အခန်းတွေနဲ့ စောင့်ရကျိုး လုံးဝနပ်စေမယ်ဆိုတာ အာမခံပါတယ်။ လက်ရှိ မထုတ်လွှင့်ခင် ပြန်ကြည့်ကြတာ လှလိုက်တာ မိုက်လိုက်တာ ရင်ခုန်ဖို့အရမ်းကောင်းလိုက်တာ ဖြစ်ခဲ့ရပါတယ်။ ကိုယ်တိုင်က ဒီကာရိုက်တာ ရိုက်ခွင့်ရလို့လည်း ကျေနပ်ပါတယ်။ လူအင်အားများများနဲ့ သေချာပြန်ရိုက်ထားတာပါ ” လို့ သရုပ်ဆောင် စင်ဒီမြတ်က ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကတော့ အပိုင်း ၁၂ ခုစာရှိမှာဖြစ်ပြီးတော့ ယခင်ထုတ်လွှင့်ခဲ့တဲ့ သဘင်သည်မြနှင်းဆီ Season 1 ထုတ်လွှင့်ခဲ့ရာမှာလည်း ပရိသတ်အားပေးမှုရရှိခဲ့တာလည်း ဖြစ်ပါတယ်။ စင်ဒီမြတ်ကတော့ ပရိ သတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားကြီး ၄ ကား ရိုက်ကူးထားတာလည်းဖြစ်ပြီး ထောင်ထွက်ပြီး နောက်တစ်နေ့ ၊ ထောင့်မှန်စတုဂံများ စတဲ့ဇာတ်လမ်းတွဲတွေ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။

သူမပါဝင်ရိုက်ကူးထားတဲ့ အချစ်ဟာသပုံစံ “ထင်ပေါ် ကျော်ကြား” ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ နေဝင်း၊ ခြူးလေး၊ ထက်ထက်ထွန်း၊ ဥဩသံသာ စတဲ့သူတွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *