MT News
၂၉. ၂. ၂၀၂၄

ဗထူးတပ်မတော်လို့ အမည်ခံထားတဲ့ ထားဝယ် PDF တွေ ဖေဖော်ဝါရီ ၂၈ ရက်က ဖမ်းဆီးထားတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး (ဒုတိယ- ပါမောက္ခချုပ် ဒေါက်တာကျော်အောင်)၊ အင်္ဂလိပ်စာဌာန ဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်နှင့် မြိုပြအင်ဂျင်နီယာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာနန္ဒာလွင်တို့ (၃)ဦးဟာ အပြစ်မဲ့သူတွေဖြစ်တာကြောင့် ချက်ချင်းပြန်လွှတ်ပေးဖို့ ထားဝယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

ဗထူးတပ်မတော်အမည်ခံ PDF တွေ ဖမ်းဆီးလိုက်တဲ့ ဆရာ၊ ဆရာမ (၃)ဦးဟာ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်တာမျိုး၊ CDM ဝန်ထမ်း/ကျောင်းသားတွေ အပါအဝင် ပြည်သူအပေါ် ပြစ်မှုကျူးလွန်တာ၊ ခြိမ်းခြောက်တာမျိုး မရှိတဲ့သူတွေလို့လည်း DDMSC က ပြောသလို သူတို့ဟာ CDM လှုပ်ရှားမှုမှာ မပါဝင်ဘဲ Non CDM ဝန်ထမ်းအဖြစ် ဆက်လက်ရပ်တည်နေတာကလည်း နိုင်ငံသားတဦးအနေနဲ့ ရွေးချယ်ခွင့်ရှိတဲ့ အခြေခံအခွင့်အရေး ဖြစ်တယ်လို့လည်း ထားဝယ် PDF တွေ အသိဥာဏ်ရှိရှိ တွေးတတ်အောင် DDMSC က ရေးသားထားပြီး ဖမ်းဆီးထားသူဆရာဆရာမတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာဆရာမတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဥ်ဟာ ဖေဖော်ဝါရီ ၂၆ ရက်တုန်းကချင်း PDF တွေ ဖမ်းဆီးသွားတဲ့ ကလေးတက္ကသိုလ်က ဖမ်းဆီးခံ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူ ၁၄၀ ကျော်ကို မကယ်တင်နိုင်သေးခင်မှာဘဲ ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမတွေကို PDF တွေက ထပ်မံဖမ်းဆီးမှုဖြစ်စဥ် ဖြစ်ပွားခဲ့တာဖြစ်ပြီး BHA ဖမ်းဆီးထားတဲ့ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်​​အောင်၊ အင်္ဂလိပ်စာဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်နဲ့ မြို့ပြအင်ဂျင်နီယာဌာနမှူး ပါမောက္ခ ဒေါ်နန္ဒာလွင်တို့ကို စစ်ကျွန်ပညာရေးအသက်သွင်းပေးနေတဲ့ Non-CDM ဝန်ထမ်းမို့လို့ ဖမ်းတယ်လို့လည်း BHA က ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ကယား PDF တွေက လွိုင်ကော်တက္ကသိုလ်ကို စီးနင်းကာ ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူ ၃၀၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ခဲ့လို့ လွိုင်ကော်တက္ကသိုလ်ဟာ ဒီနေ့အထိ ပိတ်ထားရပြီး ကယားပြည်နယ်က ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးနေရပြီး ကလေးတက္ကသိုလ်က ချင်း PDF တွေလက်ချက်ကြောင့် ဆရာ၊ ဆရာမ ၁၄၀ ကျော် ဖမ်းဆီးခံရလို့ ပညာသင်ကြားပေးမှု ထပ်မံရပ်တန့်ခဲ့ရသလို အခု ထားဝယ်နည်းပညာတက္ကသိုလ်ကလည်း ထားဝယ် PDF တွေကြောင့် ပညာသင်ကြားမှုရပ်ဆိုင်းရမဲ့အခြေအနေမျိုးဖြစ်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *