၂၉. ၂. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံက အအောင်မြင်ဆုံး MLBB အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ Burmese Ghouls အသင်းဟာ ရုရှားနိုင်ငံ ကာဇန်မြို့မှာ ကျင်းပနေတဲ့ Game of the Future 2024 ပြိုင်ပွဲကြီးရဲ့ ဒီနေ့ညနေမှာ ကျင်းပခဲ့တဲ့ ကွာတာဖိုင်နယ်ပွဲစဉ်မှာ အင်ဒိုနီးရှားအသင်း RRQ Hoshi နဲ့ ထိပ်တိုက်တွေ့ခဲ့ရာ ရှုံးနိမ့်ခဲ့ပြီး Top 8 အဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီပဲဖြစ်ပါတယ်။

RRQ Hoshi နဲ့ Burmese Ghouls တို့ရဲ့ပွဲမှာ RRQ Hoshi မှာ နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား Zaya နဲ့ Burmese Ghouls အသင်းရဲ့ နည်းပြ Dale တို့ရဲ့ နည်းပြအချင်းချင်း ပြန်လည်ထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်မှုလည်း ဖြစ်ခဲ့ပြီး ပရိသတ်တွေ စိတ်ဝင်တစားအားပေးခဲ့ကြတဲ့ ပွဲလည်းဖြစ်ပါတယ်။

ဒါပေမဲ့ Burmese Ghouls အသင်းက RRQ အသင်းကို ၂-၀ ရလဒ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကာ Game of the Future ခရီးစဉ်ကို ဒီနေ့မှာပဲ အဆုံးသတ်ခဲ့ရတာပါ။

Burmese Ghouls အသင်းအနေနဲ့ ပထမနေ့မှာ ဆော့ကစားခဲ့တဲ့ ရုရှားအသင်း Deus Vult နဲ့ အဖွင့်ပွဲစဉ်မှာလည်း ရှုံးနိမ့်ခဲ့ပေမဲ့ Team Lilgun နဲ့ Twisted Minds တို့နဲ့ ပွဲစဉ်တွေမှာတော့ အနိုင်ရရှိခဲ့ပါတယ်။

အစောပိုင်း Battle တွေမှာ ကောင်းခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ အရေးနိမ့်ပြီး အဆုံးသတ်မလှခဲ့တဲ့ Burmese Ghouls အသင်းအနေနဲ့ကတော့ MLBB ပြိုင်ပွဲတွေ တစ်လျှောက် ဆုကြေးအများဆုံး ပြိုင်ပွဲဖြစ်တဲ့ Game of Future 2024 ပြိင်ပွဲကြီးမှာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃၅၀၀၀ ကိုပိုက်ပြီး Top 8 အဆင့်နဲ့ပဲ Game of the Future ကနေ နှုတ်ဆက်ခဲ့ရပေမဲ့ နောက်လာမဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ပြိုင်ပွဲကြီးတွေမှာတော့ အောင်မြင်မှုတွေ ဆွတ်ခူးသွားနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြဆဲပါ။

Leave a Reply

Your email address will not be published. Required fields are marked *