၂၉. ၂. ၂၀၂၄
Written by Nay Moe

NUG လက်အောက်ခံတပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ က တပ်စိတ်မှူးကိုပြည့်ဟာ သူ့ကိုပြန်မကြိုက်တဲ့ အမျိုးသမီးငယ်တစ်ဦးကို မိဘတွေရဲ့ ရှေ့မှာပဲ သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဒေသတွင်း သတင်းတွေနဲ့ ကနဦးသတင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တောရွာက မယုမွန်ထက်ဆိုသူ အသက် ၂၀ ခန့် အမျိုးသမီးငယ်တစ်ဦးဟာ မန္တလေးမြို့မှာနေထိုင်တဲ့ လိင်တူချစ်သူအမျိုးသမီးနဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး အဲဒီအမျိုးသမီးက သခွတ္တောရွာကိုလာတွေ့ချိန် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီလောက်မှာ ဝက်လက်မြိုနယ်တပ်ရင်း ၂ ရဲ့ တပ်စိတ်မှူး ကိုပြည့်က မယုမွန်ထက် နေအိမ်ရောက်လာပြီး “မိန်းမချင်းမကြိုက်ဘဲ သူ့ကိုပြန်ကြိုက်ဖို့ ပြောချိန်မှာ မိန်းကလေးငယ်က မကြိုက်နိုင်ကြောင်းပြောပြီး ခြံထဲက နှင်ထုတ်တာကြောင့် PDF တပ်စိတ်မှူးက မိဘနှစ်ပါးနဲ့ လိင်တူချစ်သူအမျိုးသမီးရှေ့မှာပဲ မယုမွန်ထွက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တာကြောင့် ဖြစ်စဉ်နေရာတင် မယုမွန်ထက်က ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

ဒါ့အပြင် လိင်တူချစ်သူအမျိုးသမီးကိုလည်း ပစ်သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဝက်လက်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့- ၂ က PDF တွေ ရောက်လာပြီး လိင်တူချစ်သူအမျိုးသမီးကို ဖမ်းဆီးပြီး ကိုပြည့်ကို ပြန်လည်ခေါ်ဆောင်သွားတာကြောင့် အခင်းဖြစ်နေရာတင် နှစ်လောင်းပြိုင်သေတာမမြင်ရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၀က်လက်မြိုနယ်တပ်ရင်း- ၂ ရဲ့ ဒုတပ်ရင်းမှူး ကိုနေလှိုင်းက ဖြစ်စဥ်ဟာ မှန်ကန်ကြောင်း အတည်ပြုခဲ့သလို လိင်တူချစ်သူအမျိုးသမီးကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီးလည်း “(အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီးကို) ဖမ်းဆီးထားတဲ့ သဘောမျိုး မဟုတ်ပါဘူး။ အဲဒီအဆင့်ထိ လုပ်မထားပါဘူး။ အမှုနဲ့ပတ်သက်တဲ့သူမို ထိန်းသိမ်းထားတာပါ” လို့ မြေလတ်အသံကို ဖြေဆိုထားပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-၂ က ဒူချွန်စိုင်းသူ ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး PDF တပ်ဖွဲ့တွေမှာ နာမည်ပျက်အရှိဆုံးအဖွဲ့ဖြစ်သလို ဝက်လက်ဒေသန္တရ PDF တွေကို မကြာခဏနှိပ်စက်သတ်ဖြတ် အနိုင်ကျင့်နေပြီး ၂၀၂၂ ခုနှစ် အတွင်းကလည်း ဗိုလ်ကျားကြီး LPDF အဖွဲ့ကို ဖမ်းဆီးသတ်ဖြတ်လို့ ၂ ဦးသေဆုံးပြီး CDM ဆရာမတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခဲ့ရတဲ့အပြင် GZ Special Task Force အဖွဲ့က LDF အဖွဲ့ဝင်များစွာကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ ဒီဖြစ်စဉ်တွေကို ပြည်သူတွေက NUG ထံ အကြိမ်ကြိမ် ဆန္ဒပြတိုင်ကြားပေမဲ့လည်း အရေးမယူတာကြောင့် သာမန်ပြည်သူအမျိုးသမီးကို မိဘရှေ့သတ်ဖြတ်တဲ့အထိပါ PDF တွေက အခြေအနေဆိုးလာခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *