၂၉. ၂. ၂၀၂၄
Written by Thettant

ရန်ကုန်မြို့လယ်နဲ့ လူစည်ကားရာနေရာတွေမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါအင်္ကျီဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ဒီနေ့ ပြုလုပ်ခဲ့ကြတယ်ပြောပါတယ်။

ဒီလှုပ်ရှားမှုက လွတ်မြောက်ဒေသ၊ ပြည်ပထွက်ပြေးကြသူတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေ၊ မြေပေါ်မြေအောက် PDF တွေပြန်ဆုံဖို့နဲ့ ရေဘဝဲ အဖွဲ့အစည်းတည်ထောင်မှု ၃ နှစ်ပြည့်လှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ကြတာပါ။

ရေဘဝဲဟာ ရန်ကုန်မှာ မကြာခဏဆန္ဒပြနေပြီး သုံးနှစ်အတွင်း ပြောက်ကျားသပိတ် ၉၁ ကြိမ်၊ အထင်ကရနေရာတွေ စာတန်းချိတ်ဆွဲမှု ၁၅ ကြိမ်၊ မြေပြင်နဲ့အွန်လိုင်းမှာ လူထုစည်းရုံးရေး ​လှုပ်ရှားမှု အကြိမ် ၁၄၀ လုပ်ထားပြီး ဒီနေ့ကျရောက်တဲ့ ရေဘဝဲရဲ့ သုံးနှစ်ပြည့် အမှတ်တရနေ့ကို ရန်ကုန်နဲ့တခြားမြို့တွေက အဖွဲ့အစည်း ၂၀ ကျော်က သဝဏ်လွှာပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *