၂၈. ၂ .၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီလမ်းမ(ဌ)ကျောင်းလမ်းမှတ်တိုင်ရှေ့မှာ လမ်းပြတ်တစ်ခုကနေ ထွက်လာတဲ့ စက်ဘီးကို ဆယ်ဘီးကားက ဝင်တိုက်မိရာက စက်ဘီးစီးလာသူ အသက်၂၁ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ထာဝရအလင်းတန်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။

ဖြစ်စဥ်ကြောင့် အသက် ၂၁ အရွယ် မအိအိငြိမ်းမှာ ဦးခေါင်းကြိတ် ပွင့်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကားကလည်း မြင့်နေတော့ စက်ဘီးကို မြင်လိုက်ဘူး ထင်တယ်။ စက်ဘီးက ကားအောက်ရောက်ပြီး လူက ကားချိတ်ငြိပါသွားတယ်။ သက်ဆိုင်ရာ တာဝန်ယူရှိသူတွေရောက်လာပြီး ရဲလုပ်ငန်းစဥ်အပြီးမှာ ရုပ်အလောင်းကောက်ပြီး ရှင်းလင်းပေးခဲ့ပါတယ်။ ယာဥ်မောင်းလည်း တာဝန်ရှိသူတွေ ထိန်းသိမ်းနိုင်ခဲ့ပါတယ်”လို့ ထာဝရအလင်းတန်း လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ် ။

အခင်းဖြစ်တဲ့ နေရာကို မြောက်ဥက္ကလာပကွန်ရက်အသင်းဝင်တွေ ဖြစ်တဲ့ ထာဝရအလင်းတန်း ERT(N)၊ တွဲလက်ညီ(ERT(N))တို့ပူးပေါင်းပြီး မြေပြင်ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးခဲ့ကာ ရုပ်အလောင်းကိုတော့ ထာဝရအလင်းတန်းပရဟိတအသင်းကားနဲ့ မေဓာဝီဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *