၂၈.၂.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ Iron Cross Band ရဲ့ အဆိုတော် မျိုးကြီး၊ ဝိုင်းဝိုင်းတို့ သီဆိုတီးခတ်ဖျော်ဖြေမှုတွေနဲ့အတူ BAIC New Product Launching Concert ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

“ဒီနေ့ကတော့ ဖွေး EV ကားအသစ်လေး Arcfox Alpha S မိတ်ဆက်ပေးတာပါ။ ဖွေးက ဒီကားလေးအရမ်းကြိုက်တယ်။ Logo မီးလင်းသွားတာက အစ ကားအတွင်းပိုင်းတွေ အရောင်လေးက အစ အကုန်သဘောကျပါတယ်”လို့ အကယ်ဒမီဖွေးဖွေးက MT Entertainment ကို ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ Beijing New X7 နဲ့ Arcfox Alpha S ကားနှစ်မျိုးကို ပရိသတ်ရှေ့ချပြခဲ့သလို နာမည်ရ အနုပညာရှင်ဖြစ်တဲ့ အကယ်ဒမီ ဖွေးဖွေး၊ နန်းစုဦး၊ လင်းအောင်ခေတ်၊ ထက်ထက်ထွန်း စတဲ့သူတွေ တက်ရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *