၂၈. ၂. ၂၀၂၄
Written by Nyein Kyaw

ရှမ်းမြောက်ဒေသသို့ သယ်ဆောင်ရန် တရားမဝင် သိုလှောင်ထားသည့် ကျပ် ၂ ဘီလျံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန်ကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ့တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၃၉ လမ်းထောင့်ရှိ ကျော်စိုး(ခ) အားလျံ ငှားရမ်းထားသည့် ဂိုဒေါင်အား သတင်းအရ ရှာဖွေရာ ဂိုဒေါင်အတွင်းမှ တရားမဝင် သိုလှောင်ထားသော ဆာလာအိတ် ၂၀၀ ဖြင့် ထည့်ထားသည့် ဒေသကာလတန်ဖိုး ကျပ် ၂ ဘီလျံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ကဖင်းများအား မန္တလေးတိုင်းဒသကြီးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *