၆ – ၁၂ – ၂၀၂၂
Written By Naddy

ပရိသတ်အား‌ပေးမှုရရှိထားသော အဆိုတော် အေသင်ချိုဆွေသည် ဒီဇင်ဘာ ၁၆ ရက်တွင် ဩစတြေးစလျနိုင်ငံ Melbourne မြို့၌ ပထမဆုံးအကြိမ် “ဆုံစည်းရာည” ဂီတဖျော်ဖြေပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“စင်ပေါ်မှာ အခုလိုမျိုး သီချင်းမဆိုဖြစ်တာလည်းကြာပြီ။ လောလောဆယ် Queensland နေတော့ ပွဲသေးလေးတော့ ဆိုဖြစ်တယ်။ အသိမိတ်ဆွေတွေ အမှတ်တရအနေနဲ့ ဆိုပေးဖြစ်တယ်။ ဒါပေမယ့် ဒီလိုပွဲကြီးမဆိုဖြစ်ဘူး။ ကိုယ့်ကိုတကယ်ချစ်တဲ့ ဩစတြေးလျပရိသတ်တွေလာအားပေးမယ်လို့ ယုံကြည်တယ်။ Just Meet & Greet Show လေး မိသားစုထက်လည်း မကဘူး။ ပွဲအ‌ပေါ်အရမ်းကြီးလည်း မျှော်လင့်မထားဘူး။ Professional ဆန်မယ်။ အကောင်းဆုံး ဖျော်ဖြေပေးဖို့ စီစဉ်ထားပါတယ်။ လက်ရှိစာတွေလုပ်ရင်းနဲ့ အလည်သွားပြီးဖျော်ဖြေမှာပါ” ဟု အေသင်ချိုဆွေက ပြောသည်။

အဆိုပါ Music show ကို ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲမှ ည ၈ နာရီခွဲအထိ Melbourne ၌ ကျင်းပမည်ဖြစ်ပြီး တေးသီချင်း အပုဒ်ရေ ၂၀ ခန့်သီဆိုရန် လျာထားကြောင်း သိရသည်။

“ပွဲလေးက Meet & Greet ပုံစံမျိုး လူအယောက် ၂၀၀ လောက်ပဲဆန့်မယ်။ ပထမတော့ မဆိုတော့ဘူးလုပ်ထားတာ။ ကိုယ်ကလည်း Melbourne ပြောင်းမယ်လို စီစဉ်ထားတယ်ဆိုတော့ သီချင်းဆိုဖြစ်သွားတယ်။ ဘာပကာသနမှ သိပ်မပါတဲ့ ပွဲလေးပါ။ Hall ကလည်း အရမ်းမကြီးပါဘူး။ ဒီပွဲမှာတော့ ရိုးရိုး Music ပဲ သီဆိုမှာပါ။ လာမယ့် ၃ လပိုင်းမှာတော့ သေချာ Band ဝိုင်းနဲ့ဆိုဖို့ လုပ်ဖို့ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

၎င်းပွဲတွင် မြန်မာအစားအစာများလည်း ရောင်းချပေးသွားမည်ဖြစ်ပြီး ပွဲလက်မှတ်အနေဖြင့် ၃၅ ဒေါ်လာ၊ ၄၅ ဒေါ်လာ၊ ၅၅ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *