MT News
၂၁. ၂. ၂၀၂၄

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ထွက်ပေါ်ရေးအတွက် မိတ်ဖက် စပွန်ဆာဖြစ်သည့် Berocca ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၄ နွေရာသီ လူငယ်ဘောလုံးသင်တန်းကို မတ် ၃ ရက်မှ ဧပြီ ၃ ရက်အထိ ရန်ကုန်နှင့် မန္တလေးရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘောလုံး အကယ်ဒမီများတွင် သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်သည်။

အခြေခံ ဘောလုံးသင်တန်းသို့ အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း (ကျား/မ) မည်သူမဆို တက်ရောက် သင်ယူနိုင်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ဖွင့်လှစ်မည့် တစ်လကြာ သင်တန်းတွင် နံနက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီအထိ အခြေခံဘောလုံးပညာများ သင်ကြားရမည်ဖြစ်သည်။

သင်တန်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား တစ်ဦးချင်းစီအား ဝတ်စုံနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို ရန်ကုန်သင်တန်းအတွက် သင်တန်းသား ကျား (၂၀၀) ဦးနှင့် မ (၅၀)ဦး ၊ မန္တလေးသင်တန်းအတွက် ကျား (၂၀၀) ဦးနှင့် မ (၅၀)ဦး လက်ခံသင်ကြားပေးမည်ဖြစ်သည်။

သင်တန်း တက်ရောက်လိုသူများအနေဖြင့် ပူးတွဲပါ Link မှ သင်တန်းတက်ခွင့် လျှောက်လွှာများကို ကူးယူဖြည့်စွက်၍ သင်တန်းဖွင့်လှစ်မည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)သို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ လူကိုယ်တိုင် လာရောက်ဆက်သွယ် လျှောက်ထားနိုင်ပြီး ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက ( ၀၉- ၂၆၃၀၃၁၆၈၉ ) နံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

◾ လျှောက်လွှာရယူရန်

http://www.mediafire.com/file/41d8ej0lu5lludr/Summer-Football-School.docx/file?fbclid=IwAR2BBt3aCg7_zbohrEvAfaTIJ7bLRgx1MqmaAZhQ2zeEtKKnOA4Q7yMu48I

Leave a Reply

Your email address will not be published. Required fields are marked *