၁၆. ၂. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံရှိကလေးငယ်များတွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လာနေပြီး တစ်နှစ်ကို ကင်ဆာရောဂါဖြစ်ပွားသည့်ကလေးငယ်အရေအတွက် ၁၅၀၀ ဦးနှင့် ၂၀၀၀ ကြားရှိနေကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က ခန့်မှန်းပြောဆိုလိုက်သည်။

WHO က မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသည့် ကလေးငယ်များကို ပြုစုကုသနိုင်ရန် ဆေးရုံနှစ်ခုသာရှိနေပြီး ရန်ကုန်ကလေးဆေးရုံနှင့် မန္တလေးကလေးဆေးရုံတို့ဖြစ်ကြောင်း၊ ဝေးလံခေါင်သီသော အရပ်ဒေသများတွင်နေထိုင်နေသည့် ကင်ဆာရောဂါဖြစ်ပွားနေသော ကလေးများအတွက် ကုသရန် အခက်အခဲဖြစ်လာစေခဲ့ကြောင်း ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နှစ်စဉ် ကင်ဆာရောဂါဖြစ်ပွား၍ ကုသနေရသည့် ကလေးငယ်အရေအတွက် ၇၀၀ နှင့် ၈၀၀ ကြားရှိနေပြီး ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသရသည့် ကင်ဆာရောဂါကလေးငယ် ၄၀၀ ခန့်ရှိနေကြောင်း၊ ထို့အပြင် မန္တလေး ကလေးဆေးရုံတွင် အလားတူ အရေအတွက်မျိုး နှစ်စဉ်တက်ရောက်ကုသနေရကြောင်း WHO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကင်ဆာရောဂါဖြစ်ပွားသည့် ကလေးငယ်အများစုသည် လူမူ-စီးပွား ဆိုးရွားမှုများကြောင့် ကင်ဆာရောဂါတွေ့ကြုံခံစားရခြင်းဖြစ်ကြောင်း၊ နှစ်စဉ် ကင်ဆာရောဂါခံစားရသောကလေးငယ်အားလုံး၏ ၁၅ ရာခိုင်နှုန်းက ဆေးရုံတွင် တက်ရောက်ကုသနိုင်ခြင်းမျိုးမရှိကြောင်းလည်း WHO က ပြောသည်။

ကင်ဆာရောဂါခံစားနေရသည့် ကလေးငယ်အားလုံး၏ ၁၅ ရာခိုင်နှုန်းသည် ကင်ဆာရောဂါသွားရောက်ကုသရမည့်မြို့တွင်နေထိုင်ခြင်း၊ သို့မဟုတ် ကင်ဆာရောဂါကိုသွားရောက်ကုသရန် ခရီးစရိတ်လိုအပ်ချက်များရှိနေခြင်းကြောင့် ဆေးရုံသို့သွားရောက်ရန် အခက်အခဲများရှိခဲ့သလို ငွေကြေးအခက်ခဲများကြောင့် သွားရောက်နိုင်ခြင်းမျိုး မရှိကြောင်း WHO က ပြောသည်။

Ref .WHO

Leave a Reply

Your email address will not be published. Required fields are marked *

Related News