တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော လက်နက်များအား တွေ့ရစဥ်

၁၆. ၂. ၂၀၂၄
Written by Nay Moe

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ချောက်မြို့နယ်အစပ်မှာရှိတဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေရာ ဝါဇီစက်ရုံက တပ်ကင်းစခန်းကို ဗိုလ်ချုပ်အောင်ဆန်း ၁၀၉ နှစ်မြောက် မွေးနေ့အဖြစ် PDF နှစ်ဖွဲ့က ဒုံးလက်နက်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Black Hawk Seikphyu Revolution Front က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်မှာ ငွေစက္ကူထုတ်ဝေရာ ဝါဇီစက်ရုံ (လုံခြုံရေးနှင့် သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ)ကို Short Range Missile ၂၇ လုံး၊ ဒရုန်းတွေနဲ့ အဖွဲ့ငယ် ၄ ဖွဲ့ခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပထမခံစစ်စည်းဖြစ်တဲ့ ချိုက်​ကျေးရွာရှိ လက်နက်ကြီးစခန်းကို DROP BOMB ခြောက်လုံးနဲ့လည်း တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး လည်ကျင်းကျေးရွာအနီးရှိ လက်နက်ကြီးအထိုင်နဲ့ ကင်းပုန်းတွေကိုလည်း အလစ်အငိုက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ ပခုက္ကူခရိုင် အမှတ်(၈) တပ်ရင်း၊ တပ်ခွဲ (၁)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး Short Range Missile ၂၇ လုံးဟာလည်း PDF နှစ်ဖွဲ့ထုတ်လုပ်ထားတဲ့ တာတိုပစ်ဒုံးလက်နက်တွေကို သုံးခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး လက်ဖြစ် တာတိုပစ်ဒုံးတွေဟာ ပစ်မှတ်ကိုတိကျမှုနည်းပါးတာကြောင့် PDF နှစ်ဖွဲ့ပေါင်းတိုက်ခိုက်မှုက ဝါဇီစက်ရုံကို ထိခိုက်မှုရှိမရှိ တိုက်ခိုက်တဲ့ PDF တွေကိုယ်တိုင် အတည်မပြုနိုင်သလို MT News ကလည်း အတည်မပြုနိုင်ပါဘူး။ ဒါ့အပြင် တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးကလည်း ဒီလိုတိုက်ခိုက်ခံရတယ်ဆိုတဲ့အပေါ် အမှန်တကယ်ဟုတ် မဟုတ် ဒီနေ့အထိ ထုတ်ပြန်ထားတာမရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *