၁၆.၂.၂၀၂၄
Written by KL

ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဖိုးစွာ​ကျေးရွာအနီး ဖျာပုံ -ကျိုက်လတ် ကားလမ်း မိုင်တိုင်အမှတ် ၄၈/၄၉ ကြားတွင်​ ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) နံနက် ၁၀ နာရီခန့်က သီဟနိုင်ခရီးသည်တင်ယာဥ်မှာ ဆိုင်ကယ်ကို ရှောင်တိမ်းရာက လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သ​ဖြင့်လမ်းလျှောက်လာသူ တစ်ဦးသေဆုံးပြီး ယာဥ်ပေါ်ပါ ခရီးသည် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဥ်မှာ အသက် ၄၇နှစ်အ​ရွယ် ယာဥ်မောင်း ဦးကျော်ထွေးခိုင်မောင်းနှင်လာပြီး ခရီးသည် ၃၀ ဦး၊ ယာဥ်နောက်လိုက်တစ်ဦး လိုက်ပါလာကာ ဖျာပုံမြို့မှ ​ကျိုက်လတ်မြို့သို့ထွက်ခွာလာသော သီဟနိုင် ခရီးသည်တင်ယာဥ်တစ်စီးမှာ ဖျာပုံမြို့နယ်၊ ဖိုးစွာရွာအနီးတွင် မျက်နှာချင်းဆိုင်မောင်းနှင်လာ​သော​ မော်​တော်ဆိုင်ကယ်အား​ ရှောင်တိမ်းရာ အရှိန်မထိန်းနိုင်ဘဲ လမ်း​လျှောက်​နေသူဦး​ကျော်ထွန်းကို ဝင်​တိုက်ပြီး​ ဘေး​မြောင်းထဲသို့ ထိုးကျတိမ်း​မှောက်ခဲ့ခြင်းဖြစ်သည်။

ယာဥ်မတော်တဆမှုကြောင့် လမ်းလျှောက်လာသူ အမျိုးသားမှာသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ပဲ့တင်သံ လူမှုကူညီ​ရေးအသင်းမှ သူနာတင်ယာဥ်(၁)စီး၊ မေတ္တာရှင်လူမှုကူညီ​​ရေးအသင်းမှ သူနာတင်ယာဥ်(၁)စီး၊ ဖျာပုံမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သူနာတင်ယာဥ်(၁)ဦးတို့ဖြင့် ဖျာပုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ယာဥ်မတော်တဆမှုဖြစ်စဥ်ကို ဒေသခံ လူမှုကူညီရေးအသင်းတို့နှင့် ဖျာပုံမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင် ၁၀ ဦး၊အရန် ၅ ဦးတို့ဖြင့် ကယ်ဆယ်​ရေးလုပ်ငန်းများ​​ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *