၃-၁၂-၂၀၂၂
Written By Naddy

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံ၌ (၁၁) ကြိမ်မြောက်ကျင်းပမည့် Miss Grand International 2023 အလှမယ်ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နီနီလင်းအိမ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

” နီနီကို Miss Grand Myanmar 2023 ဆုကိုပေးအပ်လို့ အရမ်းလည်းပျော်ပါတယ်။ International Stage မှာ ယှဉ်ပြိုင်ရမှာမို့ စိတ်လှုပ်ပြီးတော့ ပျော်ပြီးတော့ စိုးရိမ်စိတ်လည်းရှိတယ်။ အဓိကပျော်ပေမယ့် ပျော်ရွှင်မှုနောက်မှာ အများကြီးကြိုးစားရမယ့် ခံစားချက်မျိုးဖြစ်နေတယ်”ဟု Miss Grand Myanmar 2023 ဆုရှင် နီနီလင်းအိမ်က ပြောသည်။

နိုဝင်ဘာ ၂၃ရက်က မန္တလေးမြို့ရှိ IBIS Style Hotel Mandalay တွင် ပြုလုပ်ခဲ့သော Miss Grand Myanmar 2022 ထိုင်း-မြန်မာနွယ်ဖွားအလှမယ် “အိအိအောင်ထွန်း” ၏ Fan Meeting အခမ်းအနား၌ “နီနီလင်းအိမ်” ကို Miss Grand Myanmar 2023 ဆုရှင်အဖြစ် ရွေးချယ်ခဲ့ကာ တရားဝင်သရဖူလွှဲပြောင်းပေးအပ်ခဲ့သည်။

“မမမီးမီး(အိအိအောင်ထွန်း)က ကိုယ့်ရဲ့စီနီယာဆိုပေမယ့် မိသားစုလိုပဲ သေချာသင်ကြားပေးပါတယ်။ စိတ်ဓာတ်ကို ကြံ့ခိုင်အောင်ထားမယ်။ ပျော်ပျော်ရွှင်ရွှင်နေ။ Miss ပတ်သက်ပြီး ကိုယ့်ကိုကိုယ့် ယုံကြည်မှုရှိရမယ်။ မမမီးမီးက ခန္ဓာကိုယ်လည်း လှတယ်။ Catwalk လျှောက်ရင် ခန္ဓာကိုယ်ပြေပြစ်ရမယ်။ စိတ်ပိုင်းဆိုင်ရာအတွက်ပါ သင်ကြားပေးပါတယ်။ ဒါကြောင့် ကိုယ့်ဘက်လည်း အစွမ်းကုန်ကြိုးစားသွားဖို့ ရှိပါတယ်ရှင့်”ဟု ၎င်းဆက်လက်ပြောဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံ၌ (၁၁) ကြိမ်မြောက်ကျင်းပမည့် Miss Grand International 2023 အလှမယ်ပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း ၆၀ ကျော်မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်မူ နီနီလင်းအိမ်က ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *