၁၀.၂.၂၀၂၄
Written by MMAK

◾ ကာတာ Vs ဂျော်ဒန်

ဂျော်ဒန်အသင်းမှာ ဥရောပထွက်ကစားတဲ့ ကစားသမားဆိုလို့ ပြင်သစ်ကလပ် မောင့်ပယ်လီယာအသင်းရဲ့ တိုက်စစ်မှူး မူဆာ တဲမာရီ တစ်ယောက်သာ ရှိပေမဲ့ အုပ်စုအတွင်းမှာ တောင်ကိုရီးယားလို အသင်းကို သရေကန်နိုင်ခဲ့သလို ဆီးမီးဖိုင်နယ် ပွဲစဉ်မှာလည်း နှစ်ဂိုးပြတ် ထပ်အနိုင်ယူခဲ့ပြီး ဖိုင်နယ်တက်ခဲ့တာ ဖြစ်ပါတယ်။ ကာတာအသင်းကလည်း အိမ်ရှင်အသင်းဖြစ်သလို အာရှအင်အားကြီး အီရန်အသင်းကို အနိုင်ယူခဲ့ပြီး ဖိုင်နယ် တက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ကာတာအသင်းက ပြားခြောက်ဆယ်အရှုံးပေးထားသလို ဂိုးပေါင်းကြေး နှစ်လုံး နှစ်ဆယ်အရှုံးပါ။ ဂျော်ဒန်အသင်းရဲ့ ခံစစ်ကနေ တန်ပြန်တိုက်စစ် ကူးပြောင်းတဲ့ နေရာမှာ တော်တော်ကောင်းတာတွေ့ရပါတယ်။ ဖိုင်နယ်ပွဲဖြစ်လို့ ဂိုးအောက်ကြိုက်နေတာဖြစ်ပေမဲ့ ရေနံသူဋ္ဌေးတွေရဲ့ ကာတာနိုင်ငံမှာ ကာတာအသင်းဖလားရဖို့ အဖက်ဖက်က ကြိုးစားလာမှာ ဖြစ်သလို ပွဲချိန်အတွင်းမှာတင် အိမ်ရှင်ကာတာအသင်း အနိုင်ရသွားမယ်လို့ ယူဆတာကြောင့် အိမ်ရှင်ကာတာ အသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ မန်စီးတီး Vs အဲဗာတန်

မန်စီးတီးအသင်း ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ် အပါအဝင် ဖလားစုံသိမ်းခဲ့တဲ့နှစ်လို့ ပြောလို့ရပါတယ်။ ဒီနှစ်မှာ မန်စီးတီးရဲ့ အဓိက ပစ်မှတ်က ပရီးမီးယားလိဂ်ဖလားကို လေးကြိမ်ဆက် ရဖို့ အဓိကထားနေတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး ပေါက်ကြေးအရ ဂိုးပေါင်းအောက်ကို စကြိုက်တာပါ။ ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဒိန်းမတ်ကလပ် ကိုဗင်ဟေဂင်အသင်းနဲ့ ကန်ရမှာဖြစ်လို့ နောက်တစ်ဆင့်ကို သေချာပေါက်တက်မှာပါ။ အမှတ်ပေးဖလားကို အာရုံစိုက်ထားတဲ့ မန်စီးတီးအသင်း အိမ်ကွင်းပွဲမှာ လူစုံထုတ်ပြီး ကစားလာမှာ ဖြစ်လို့ မန်စီးတီးအသင်း ဘော်ဒီကို ရွေးချယ်ချင်ပါတယ်။ နှစ်လုံးသရေ ပေးထားတဲ့ မန်စီးတီးအသင်း အနိမ့်ဆုံး နှစ်ဂိုးပြတ်ကနေ စကြည့်ရမဲ့ ပွဲမျိုးဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အစောဆုံးပွဲမှာ မန်စီးတီးအသင်း ဘော်ဒီနဲ့ ဂိုးပေါ်ကို
စုံပေါ်ရွေးချယ် ထားချင်ပါတယ်။

◾ ဖူဟမ် Vs ဘုန်းမောက်

အမှတ်ပေးဇယား အလယ်က ခြေစွမ်းအလယ်အလတ်ရှိတဲ့ နှစ်သင်းဖြစ်သလို ဥရောပဝင်ခွင့်အတွက် ဖိအားမရှိသလို၊ တန်းဆင်းဇုန်အတွက်လည်း ဖိအားကြီးကြီးမားမား မရှိဘဲ လွတ်လွတ်လပ်လပ် ကန်ကြမဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဘုန်းမောက်အသင်း တိုက်စစ်ကောင်းသလို ဖူဟမ်ကလည်း အိမ်ကွင်းမှာ ပိတ်ကစားလာဖို့ မရှိပါဘူး။ ဘော်ဒီကြေး ပြားသုံးဆယ်သာပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ တစ်ဖက်တစ်ဂိုးစီ သေချာတယ်လို့ ပြောချင်တဲ့ သဘောပါ။ ဘွတ်ကီပေါက်ကြေး ဖော်မြူလာအရ ဒီပွဲစဉ်မှာ ဂိုးပေါ် တစ်ကြောင်းက လွဲပြီး ရွေးချယ်စရာ မရှိပါဘူး။ ဂိုးပေါ် အပိုင်ရွေးချယ်ဖို့ အကြံပေးပါတယ်။

◾ လီဗာပူး Vs ဘန်လေ

အာဆင်နယ်အသင်းကို အဝေးကွင်းမှာ အရှုံးပေးခဲ့ရတဲ့ လီဗာပူး ထပ်မှားလို့မရတော့ပါဘူး။ ဒီရာသီပြီးရင် နည်းပြကလော့ ထွက်တော့မှာမို့ လီဗာပူး ဖလားနှစ်လုံးလောက်ရအောင် ကစားသမားတွေ နည်းပြတွေ အစွမ်းကုန် ကြိုးစားလာနိုင်ပါတယ်။ ဘန်လေအသင်းရဲ့ ခြေစွမ်းကတော့ အားရစရာ မရှိတဲ့အပြင် ခံစစ်က ပေးဂိုးတွေ အလှူပေးနေသလို ကစားနေတာပါ။ ဆာလက် မပါနိုင်သေးတဲ့ လီဗာပူးရဲ့ တိုက်စစ်က အားနည်းသွားခြင်းမရှိသလို ပေါက်ကြေးအရလည်း လီဗာပူး အာရုံစိုက်ပြီး ကစားမဲ့ အနေအထားမှာ ရှိပါတယ်။ လီဗာပူး ဂိုးပေါင်း မအောင်ရင်တောင် ဘော်ဒီတော့ အနိုင်ကန်မဲ့ပွဲလို့ ယူဆတာကြောင့် သုံးဂိုးပြတ် အနိုင်ရမှ ကြေးအောင်မဲ့ လီဗာပူးကို ရွေးချယ်ချင်ပါတယ်။

◾ လူတန်တောင်း Vs ရှက်ဖီး

ရှက်ဖီးအသင်းခြေစွမ်း ညံ့သထက်ညံ့လာပေမဲ့ လူတန်တောင်းအရဲ့ ခြေစွမ်းကောင်းသထက် ကောင်းလာနေချိန်ဖြစ်ပါတယ်။ လူတန်တောင်းအသင်း ပရီးမီယားလိဂ်မှာ ဆက်နေရဖို့အတွက်ဆို တန်းဆင်းဖို့ ရာခိုင်နှုန်းများနေတဲ့ ရှက်ဖီးအသင်းကို သေချာပေါက် အနိုင်ကန်ပြီး သုံးမှတ်အပြည့်ယူဖို့လိုပါတယ်။ လူတန်တောင်းအသင်းရဲ့ ရှက်ဖီးအသင်းအပေါ် တစ်လုံးလေးဆယ်စား ဘော်ဒီပေါက်ကြေးဟာ လိုအပ်တာထက်ပိုပြီး ပြင်းရှနေတာဖြစ်ပါတယ်။ လက်ရှိလူတန်တောင်းအသင်းရဲ့ ခြေစွမ်း အတက်ဘက်ရောက်နေချိန်မှာ ရှက်ဖီးလိုအသင်းကို အိမ်ကွင်းမှာ အနိုင်ကန်နိုင်ပါတယ်။ အိမ်ရှင်လူတန်တောင်းအသင်းကို အကြိုက်ဆုံး တစ်ကွက်အဖြစ် ရွေးချယ်ပေးချင်ပါတယ်။

◾ စပါး Vs ဘရိုက်တန်

အာရှဖလားပြိုင်ပွဲကနေ ပြန်ရောက်လာပြီ ဖြစ်တဲ့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်းနဲ့ ကွင်းလယ်လူ ဘီဆူးမားပြန်ပါလာမှာ ဖြစ်သလို ဘရိုက်တန်အသင်းရဲ့ အဓိကတောင်ပံကစား မီတိုမာလည်း ပြန်ပါလာနိုင်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်ကောင်းတဲ့ အသင်းတွေ ဖြစ်သလို တိုက်စစ်ချင်းယှဉ်ကစားမဲ့ပွဲမျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂိုးပေါင်းကြေး ပြင်းရှနေတာဖြစ်ပါတယ်။ အဝေးကွင်းညံ့တဲ့ ဘရိုက်တန်အသင်း တိုက်စစ်ယှဉ်ကစားမယ်ဆို စပါးအသင်းရဲ့ သွင်းဂိုးတွေ ပိုမိုခွင့်ပြုရဖို့ များပါတယ်။ အိမ်ကွင်းဖြစ်သလို လူပြန်စုံလာပြီဖြစ်တဲ့ စပါးအသင်းကို ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

◾ ဝုဗ် Vs ဘရန့်ဖို့

ဂယ်ရီအိုနေးရဲ့ ဝုဗ်အသင်း ပုံစံကောင်းပြနေသလို တိုက်စစ်က တစ်ပွဲနှစ်ဂိုး အသာလေး သွင်းနိုင်လောက်တဲ့ အထိ ခြေစွမ်း ကောင်းနေပါတယ်။ ဘရန့်ဖို့အသင်း နောက်ဆုံး လေးပွဲဆက် ဂိုးပေါ်ကန်ထားသလို နောက်ဆုံးနှစ်ပွဲမှာ စပါးနဲ့ မန်စီးတီးအသင်းကို ဂိုးပြတ်ရှုံးခဲ့တာ တွေ့ရပါတယ်။ ဒီပွဲပြီးရင် လီဗာပူး၊ မန်စီးတီးအသင်းတို့နဲ့ ထပ်တွေ့မှာ ဖြစ်လို့ အမှတ်ရနိုင်ချေ နည်းပါးတာကြောင့် ဒီပွဲစဉ်မှာ အမှတ်ရဖို့ ကြိုးစားလာနိုင်ပါတယ်။ သို့ပေမဲ့ ပုံစံကောင်းပြနေတဲ့ ဝုဗ်အသင်းရဲ့ အိမ်ကွင်းမှာ သိပ်မလွယ်ပါဘူး။ ဒီပွဲစဉ်မှာ ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေးထားပုံအရ သွင်းဂိုးတွေ မြင်ရဖို့ရှိနေတာ ဖြစ်ပါတယ်။ တိုက်စစ်ကောင်းနေတဲ့ ဝုဗ်အသင်းနဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေးပြန်ပါလာတဲ့ ဘရန့်ဖို့အသင်းတို့ ပွဲစဉ်မှာ ဂိုးပေါ်ရွေးထားတာ အကောင်းဆုံးဖြစ်ပါတယ်။

◾နော်တင်ဟန်ဖောရက် Vs နယူးကာဆယ်

စနေညရဲ့ နောက်ဆုံးပွဲစဉ်မှာ အဝေးကွင်းနယူးကာဆယ်အသင်းက ပြားရှစ်ဆယ်အရှုံးပေးထားပါတယ်။ အဝေးကွင်း သိပ်မကောင်းတဲ့ နယူးကာဆယ်အသင်း ကြေးပျော့နေသလို အနိုင်ရသွားနိုင်မလားဆိုတာ စိတ်ပူစရာကောင်းပါတယ်။ နော်တင်ဟန်အသင်း အိမ်ကွင်းမှာတော့ အဆိပ်ရှိတဲ့ အသင်းမျိုးဖြစ်သလို အသင်းကြီးတွေနဲ့ဆို ခံကန်အား ကစားအားပိုကောင်းတာမျိုး တွေ့ရပါတယ်။ ခုနောက်ပိုင်းပွဲစဉ်တွေမှာ နယူးကာဆယ်အသင်းရဲ့ နောက်တန်းပေးဂိုးတွေ စိပ်လာတာကို သတိထားမိပါတယ်။ အဝေးကွင်းသိပ်မကောင်းသလို ခံစစ်ကလည်းခြေစွမ်းကျနေတာကြောင့် နယူးကာဆယ်အသင်း နော်တင်ဟန်ဖောရက်အသင်းကို ဂိုးပေးရနိုင်ပါတယ်။ အိမ်ရှင်အသင်း ဂိုးစရရင် နယူးကာဆယ်အသင်းနိုင်ဖို့ တော်တော်လေး ခက်ခက်ခဲခဲ ရုန်းကုန်သွားရနိုင်ပါတယ်။ အိမ်ရှင်နော်တင်ဟန်ဖောရက်အသင်း ဂိုးရမယ်လို့ ထင်တဲ့အတွက်ကြောင့် ဒီပွဲစဉ်မှာ အိမ်ရှင်အသင်းနဲ့ ဂိုးပေါင်းအောက်ကို တွဲရွေးပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *