၂-၁၂-၂၀၂၂
Written By Naddy

အက်ရှင်ဟာသပုံစံ ရိုက်ကူးထားသော “ဖိတ်ဖိတ်တောက်” ရုပ်ရှင်ဇာတ်ကားသစ်ကို ဒီဇင်ဘာ ၂ ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝန်း ရုပ်ရှင်ရုံများ၌ ရုံတင်ပြသနေပြီ ဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း နယ်စွန်နယ်ဖျားဒေသများတွင် ဥပဒေစိုးမိုးမှုနည်းပြီး ဓားပြအဖွဲ့များလည်း ပေါ်‌ပေါက်ခဲ့သည်။ ထိုအချိန်တွင် ဗိုလ်မိုးလုံးမှာ ဓားပြအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အခြေအနေအရ ဓားပြတိုက်နေသော်လည်း စိတ်ကောင်းရှိသူဖြစ်သည်။ ဓားပြတိုက်ရသည့် ငွေများကို မရှိဆင်းရဲသူများထံ ပြန်လည်ဝေငှပေးသည့်အတွက် အောက်လက်ငယ်သားများက မကျေနပ်ဖြစ်ခြင်းကို ခံရသည်။

ဗိုလ်မိုးလုံးနှင့် မတည့်သည့် ဓားပြခေါင်းဆောင်ငတိုးဆိုသူ ကျက်စားရာနေရာသို့ ၁၉၈၉ ခုနှစ် ပြက္ခဒိန်ရိုက်ကူးရေးအဖွဲ့တစ်ချို့ ရောက်ရှိခဲ့သည်။ ယင်းအဖွဲ့တွင် ဇီဇာကြောင်သူ ပရိုဂျူဆာဂျွန်ဆင်၊ ယောက်ျားလျာဓာတ်ပုံဆရာ ဘုန်းမော်၊ တက်သစ်စ မင်းသား တက္ကသိုလ်ညွန့်ဝင်းဦး၊ တက်သစ်စမင်းသမီး အိုလံပစ်မယ် စီစီသန်းနှင့် အဒေါ်ဖြစ်သူ ဝမ်းတွင်းခြောက်တင်တင်သန်း စသည့်တို့ ရောက်ရှိလာပြီး ဇာတ်ကားကို မည်သို့ ဒါရိုက်တာ သိန်းဟန်( ဖီးနစ်)က ရိုက်ကူးပုံဖော်ထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း အဆွေတော်၊ ဇာတ်ညွန်း ချင်းတွင်းတာရာ၊ ဒါရိုက်တာ သိန်းဟန် (ဖီးနစ်)က သရုပ်ဆောင်များဖြစ်ကြသော အကယ်ဒမီ ခန့်စည်သူ ၊ နေဒွေး၊ နေဆန်း၊ အကယ်ဒမီ ခိုင်သင်းကြည်၊‌ ခင်သဇင် ၊ အရိုင်း ၊ ဒိန်းဒေါင်၊ ကေညီ၊ ကျော်စိုး၊ အီးတီ မြင့်မို၊ ဆုဇာခြည်၊ ကောင်းမွန်၊ ခွန်းချို၊ ဇော်မင်းထွန်း၊ သောင်းဟန်၊ ဒီရဲဂျာ စသည့်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။

“ဖိတ်ဖိတ်တောက်” ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့ရှိ သမ္မတ ၊ သွင် ၊ မင်္ဂလာစံပြ၊ Junction City ၊ Junction Square ၊ Junction စိန်ချွန်း ၊ မင်္ဂလာ(မြောက်ဥက္ကလာ ၊ တာမွေ ၊ တောင်ဒဂုံ ၊ Top Royal ) ၊ စိန်ဂေဟာ ၊ ဒဂုံစင်တာ ၂ ၊ စံရိမ်ငြိမ် (ဂမုန်းပွင့် )၊ မင်္ဂလာဝဇီရာ(လှိုင်သာယာ)၊ Time City ၊ Capital ၊ Paradiso (မင်္ဂလာဒုံ) ၊ JCGV ရုပ်ရှင်ရုံများအပြင် ၊ မန္တလေးမြို့ရှိ ဝင်းလိုက်၊ မင်္ဂလာမစိုးရိမ် ၊ အောင်မြေသာဇံ ၊ နန်းတော်ရှေ့ ၊ ပြည်ကြီးတံခွန် ၊ နေပြည်တော်ရှိ JCGV ၊ ဥတ္တသီရိ ရုပ်ရှင်ရုံ ၊ မကွေးမြိုရှိ မင်္ဂလာစံပြနှင့် စသည့် မြိုနယ် အသီးသီး၌ ပြသနေလျှက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *