၉. ၂. ၂၀၂၄
Written by Thettant

ပူပူနွေးနွေး 2023 India Kerala Premier League ပြိုင်ပွဲဝင် Gokulam Kerala B အသင်းနဲ့ Runner Up ဖလားကို ပူပူနွေးနွေး ရယူခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ Paulo Jorge Silva ကို ရခိုင်ယူနိုက်တက်အသင်းက ခေါ်ယူထားပါတယ်။

ရခိုင်ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိထား​ပြီး Business Visa ရရင် မြန်မာပြည်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။

Silva ဟာ ပေါ်တူဂီ၊ စပိန်၊ အင်္ဂလိပ် ဘာသာစကား သုံးမျိုးတတ်ပြီး ဥရောပ၊ အာဖရိက၊ အာရှနိုင်ငံတွေရဲ့ ကလပ်အသင်းတွေမှာ နည်းပြလုပ်ခဲ့သလို အောင်မြင်မှု အထိုက်အလျောက်ရရှိပြီး DEREN FC အသင်းကို Mongolia League Champion ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

UEFA “A” လိုင်စင်၊ FIFA “A”လိုင်စင်တို့ရရှိထားပြီး အိုင်ဗရီကို့စ်၊ ဇင်ဘာဘွေ၊ နိုင်ဂျီးရီးယားစတဲ့ အာဖရိကနိုင်ငံတွေမှာ နည်းပြလုပ်ခဲ့စဥ်က အာဖရိက မော်ရင်ဟိုလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ နာမည်ပြောင်ပေးခဲ့ကြပါတယ်။

ဒီရာသီသစ်မှာ ရခိုင်ယူနိုက်တတ်ဟာ ပြင်ဆင်မှုအားကောင်းနေပြီး လက်ရွေးစင်ခံစစ်မှူး သီဟထက်အောင်၊ တိုက်စစ်မှူးကျော်ကိုကိုနဲ့ အရင် ရှမ်းယူနိုက်တက် နောက်ခံလူ အိုင်ဗရီကို့စ်နိုင်ငံသား Kekere Moukailou အပြင် အလယ်တန်း၊ နောက်တန်း ဘက်စုံ ကစားတတ်တဲ့ ကင်မရွန်း လူငယ်လက်ရွေးစင် Effa Alexisi Smael တို့ကိုလည်း ခေါ်ယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *