၈. ၂. ၂၀၂၄
Written By Thandar

အသံဆွဲအားကောင်းကောင်းလေးကြောင့် ပရိသတ်ချစ်ခင်မှုကိုရရှိထားတဲ့ တေးသံရှင် လာဒင့်ထားရီ ကတော့ လောင်ရတာ သဘောကျလို့ ဗီလိန်ကာရိုက်တာ သရုပ်ဆောင်တယ်လို့ ရင်ဖွင့်လာပါတယ်။

“လာဒင့် ဂီတပိုင်းမှာ သီဆိုနေရပေမယ့် သရုပ်ဆောင်ပိုင်း ကမ်းလှမ်းလာတာကြောင့် ဇာတ်ကား ရိုက်ကူးရေးတွေ လုပ်ဖြစ်လာတာပါ။ သရုပ်ဆောင်ပိုင်းရော၊ ဂီတပိုင်းကိုရော လုပ်ဖြစ်ပေမယ့် နောက်ပိုင်း ကျိန်းသေ လုပ်ဖြစ်မှာကတော့ ဂီတလမ်းကြောင်းပေါ့နော်။ လာဒင့်ရဲ့ အိပ်မက်က အဆိုတော်ကောင်း တစ်ယောက်ပဲ ဖြစ်ချင်တာပါ။ အဓိက Main ကတော့ ဂီတပေါ့နော်။ ဘဝမှာ ပထမဦးဆုံး သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ချင်တာမို့ လုပ်ဖြစ်သွားတာပါ။ လာဒင့်ကတော့ ကာရိုက်တာဆိုရင် လောင်ရတာပို သဘောကျတယ်။ အဲဒီ ဇာတ်ကောင်ကို ကြည့်ပြီးစိတ်တိုရတာ ပိုသဘောကျတယ်။ ဗီလိန်ဇာတ်ကောင်ကို ပိုသဘောကျတယ်။ ဒါကြောင့် လာဒင့်က ဗီလိန်ကာရိုက်တာနဲ့ သရုပ်ဆောင်ချင်တာပါ ”လို့ တေးသံရှင် သရုပ်ဆောင်လာဒင့်ထားရီက ပြောပါတယ်။

သူမရဲ့ တေးသီချင်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်အကြိုက်နဲ့ ရင်ဘတ်ချင်းထပ်တူကျခဲ့တာလည်း ဖြစ်ပါ တယ်။ လာဒင့်ထားရီကတော့ “မေတ္တာဟူသည်” ဇာတ်လမ်းတွဲ၊ “လသော်တာ ခြေဗလာနဲ့” ဇာတ်လမ်းတွဲ စတာတွေ ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။ မကြာခင်မှာလည်း Valentine Day မတိုင်ခင် သီချင်းသစ် တစ်ပုဒ်ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *