MT News
၈. ၂. ၂၀၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိသည် ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက ဘဝနတ်ထံ စံလွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သက်တော်ကြီးရင့်မှုကြောင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့ပြီးနောက် နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ဆေးဝါးကုသမှု ဆက်လက်ခံယူနေသော နဂါးနှစ်ကောင်ဆရာတော်ကြီးမှာ ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၂ နာရီ ၂ မိနစ် ၂၂ စက္ကန့်တွင် ပျံလွန်ခဲ့ခြင်းဖြစ်ပြီး ဘဝနတ်ထံ စံမြန်းချိန်တွင်မူ သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါ ရှိနေပြီဖြစ်ကြောင်း တပည့်သာဝကများထံမှ သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *