၇ .၂.၂၀၂၄
Written By Thandar

လူငယ်စတိုင် ဖန်စီဇာတ်လမ်းပုံစံ “ရေတွေဘာတွေစို ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကျိုက္ကဆံစေတီတော်မှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်လမ်းလေးက သင်္ကြန်ကားကိုမှ ဇာတ်လမ်းပုံစံ‌လေးက လူငယ်စတိုင် အပျော်ဖန်စီပုံစံလေးပါ။ အဓိကတော့ သင်္ကြန်အရသာလေးကို ခံစားရမယ်။ မြန်မာ့ရိုးရာသင်္ကြန်မှာ လူငယ်‌တွေ ပျော်တဲ့ပုံစံလေးတွေ ပါတယ်။ အခုဆိုလည်း သင်္ကြန်က ပွဲ မကျင်းပတာ နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီဆိုတော့ ဒီကားလေးကို ကြည့်တာနဲ့ သင်္ကြန်နဲ့ပတ်သက်တဲ့ ရသလေးကို ခံစားရမှာပါ။ ပျော်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ စိတ်ခံစားချက်လေးလည်း ရမှာပါ။ အရင်တုန်းက မြင်နေကြပုံစံမျိုးနဲ့ မတူတဲ့ သင်္ကြန်ဇာတ်ကားမျိုးကို မြင်တွေ့ရမှာပါ”လို့ ဒါရိုက်တာ နေမင်းတင်က ပြောပါတယ်။

ရွှေစန္ဒာမင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဇာတ်လမ်း မောင်ငယ်ရင်သွေး၊ ဇာတ်ညွှန်း ညီအောင်ညီက ရေးသားပြီး ဒါရိုက်တာနေမင်းတင်က အပိုင်း ၈ ပိုင်းစာပါဝင်မယ့် Mini Series ကို ဖေဖော်ဝါရီ ၈ ရက်မှာ ရန်ကုန်မြို့မှာ စတင်ရိုက်ကူးသွားမှာဖြစ်တယ်။

သရုပ်ဆောင်တွေအဖြစ် ရဲရင့်မြတ်သူ၊ လွင်မင်းသန့်၊ ဟိန်းသန့်ဇေ၊ ကျော်ထွန်းနေ၊ မေလသံစဉ်၊ ပြည့်ကောင်းစုသန့်၊ ဇော်ဝင်းနိုင် (မန်း)၊ သန်းသန်းစိုး၊ ဂွမ်းပုံကြီး စတဲ့သူတွေ ပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *