၇.၁.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၊ ဥယျာဥ်လမ်းတွင် ဖေဖော်ဝါရီ ၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က နေအိမ် ၈ လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်းနေအိမ်တစ်လုံးတွင် အမျိုးသားတစ်ဦးက ထင်းမီးဖြင့် ငါးမုန့်ကြော်ပြီး မေ့လျော့ကာ အိပ်ပျော်သွားရာမှ အနီးရှိပျဥ်ပြားသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့​ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုးပျဥ်ကာပျဥ်ခင်း နေအိမ် ၈ လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

နေအိမ် ၈ လုံးမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၈ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့သည်။

မီးလောင်မှုကြောင့် အသက် ၃၄ နှစ်အရွယ် ကိုနိုင်လင်းကို လှိုင်သာယာအနောက်ပိုင်းမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *