၇. ၂. ၂၀၂၄
Written by Nay Moe

ငါန်းဇွန်မြို့နယ်၊ ကျင်းသာရွာတွင် မူလတန်းပြဆရာမတစ်ဦးနှင့် ပန်းရံလုပ်သားတစ်ဦးကို PDF ၁၂ ဦးက လာရောက်သတ် ဖြတ်မှုဖြစ်ပွားခဲ့၍ နှစ်ဦးစလုံး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာအတွင်းသို့ PDF ၁၂ ဦးခန့်သည် ဆိုင်ကယ်ခြောက်စီးဖြင့် ဝင်ရောက်လာပြီး အဆိုပါကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း(ကျင်းသာ)မှ မူလတန်းပြဆရာမ ဒေါ်ချိုချိုမာ (၄၆) နှစ်နှင့် ဦးခင်ဇော်၏ နေအိမ်၌ ပန်းရံလုပ်ကိုင်နေသည့် လက်ပံကားယားကျေးရွာနေ ဦးကျော်စိုးမိုး (၃၂)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်ချိုချိုမာအား ၎င်း၏နေအိမ်၌ ဝဲနားထင်မှကျည်ဖောက်ဝင်ပြီး ယာနားထင်ကျည် ဖောက်ထွက် ဒဏ်ရာတစ်ချက်၊ ယာလက်မောင်း ကျည်ဖောက်ဝင်/ ထွက်ဒဏ်ရာတစ်ချက်ဖြင့် လည်းကောင်း၊ ဦးကျော်စိုးမိုးအား ဦးခင်ဇော်၏နေအိမ်၌ ဝဲပါးမှကျည်ဖောက်ဝင်ပြီး ယာပါးကျည် ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ နှာခေါင်းနှင့် ဝဲလက်ဖမိုးတို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက်တို့ဖြင့် လည်းကောင်း သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးသူများ၏ အလောင်းများအား မြို့သာမြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးတာဝန်ရှိသူများ၊ ဆရာဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦးနှင့် ကျောင်းသားကျောင်းသူများ စသည့် ပြည်သူ ၆၈၈၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” စသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF၊ EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *