၂-၁၂-၂၀၂၂

Written By Naddy

နေပြည်တော်ကောင်စီမှ ပထမဦးဆုံးအကြိမ် ခမ်းနားကြီးကျယ်စွာ ကျင်းပမည့် Mrs Naypyitaw 2022 အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန်အတွက် လျှောက်လွှာများခေါ်ယူနေလျှက်ရှိကြောင်း သိရသည်။

“အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက သူမရဲ့ အရည်ချင်းတွေကို ပွင့်လင်းစွာပြသနိုင်မဲ့ အခွင့်ရေးဖြစ်သလို မိမိတို့ရဲ့ ပင်ကိုယ်ထူးချွန်ပြီး တိမ်မြုပ်နေတဲ့ အရည်သွေးတွေကိုလည်း ဖော်ထုတ်ပြသနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ငယ်စဉ်ဘဝမှာ အကောင်ထည်မဖော်ခဲ့ရတဲ့ သင့်ရဲ့အိမ်မက်အတွက် ခုချိန်က ပြန်လည်စတင်ဖို့ အကောင်းဆုံးအချိန်ပါ” ဟု ၎င်းပွဲတာဝန်ရှိသူက ပြောသည်။

အဆိုပါ ပြိုင်ပွဲကို အသက် ၁၈ မှ ၅၅ နှစ်အတွင်း အိမ်ထောင်ရှင်၊ တရားဝင်ကွာရှင်းထားသူနှင့် မုဆိုးမတို့လည်း ပါဝင်နိုင်ပြီး နိုဝင်ဘာ၂၇ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲအတွက် အတွေ့အကြုံရှိရန်မလိုဘဲ လိုအပ်သည်များကို အသေးစိတ် လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

ပါဝင်လျှောက်ထားသူသည် ၃ လအတွင်းရိုက်ကူးထားသော မိမိစိတ်ကြိုက် ဓာတ်ပုံ ၅ ပုံ (တစ်ကိုယ်လုံးပုံ၊ ကိုယ်တစ်ပိုင်း  ပုံ)၊ အမည်အရင်း၊ အနုပညာအမည်၊ အသက်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ အိမ်ထောင်ကျသောနှစ်၊ အိမ်ထောင်ရှင်၊ တရားဝင်ကွာရှင်းထားသူ၊ သားသမီးဦးရေ၊ Facebook၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို Mrs Naypyitaw Facebook ၊ Messenger သို့ ပေးပို့လျှောက်ထားနိုင်သည်။ ထို့ပြင် ပြိုင်ပွဲလျှောက်လွှာထုတ်ယူရန်အတွက် Page ၏ Chatbox မှ ဖြစ်စေ၊ နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဝန်းရှိ စတိုးဆိုင်ကြီးများတွင်ဖြစ်စေ ထုတ်ယူနိုင်‌မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *