၃၁.၁.၂၀၂၄
Translated by Htwe Ko Tun

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်းအားနိုင်ငံ၏လျှို့ဝှက်သတင်းများပေါက်ကြားစေခဲ့မှုဖြင့် တရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး တစ်ရက်အကြာမှာပင် ဝန်ကြီးချုပ်ဟောင်းနှင့်ဇနီးတို့အား အခြားပါကစ္စတန်တရားရုံးတစ်ရုံးက နိုင်ငံပိုင်လက်ဆောင်ပစ္စည်းများကို ဥပဒေနှင့်မညီရောင်းချခဲ့မှု ဖြင့် ဇန်နဝါရီ ၃၁ ရက်တွင် ထောင်ဒဏ် ၁၄ နှစ် ထပ်မံချမှတ်ခဲ့သည်။

ရာဝါလ်ပင်ဒီမြို့ရှိ အဂတိတရားရုံးတစ်ရုံးက ဝန်ကြီးချုပ်ဟောင်းနှင့်ဇနီးတို့ကို ထောင်ဒဏ်နှင့်အတူ ငွေဒဏ် ၇၅၇ ရူပီး(ဒေါ်လာ ၂ ဒသမ ၇ သန်း)ပေးဆောင်ရန် ပြစ်ဒဏ်ချခဲ့သည်ဟုလည်း သိရသည်။ ခန်းက ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ခုနှစ် ဧပြီလအထိ လက်ခံရရှိခဲ့သော ရူပီး သန်း ၁၄၀(ဒေါ်လာ ၅၀၁,၀၀၀) တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများကို ရောင်းချခဲ့မှုဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လကလည်း ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရသေးသည်။ ၎င်း အနေနှင့် အာမခံ ရရှိသော်လည်း ထောင်ထဲတွင်ပင်နေရကာ အခြားအမှုများကို ဆက်လက်၍ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ၏ ရေပန်းစားလူသိများသော နိုင်ငံရေး သမားလည်းဖြစ်သည့် အင်မရာခန်းအပေါ် တရားစွဲချက်များအား ဖေဖော်ဝါရီ ၈ ရက်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်ခန့်အလိုတွင် တရားရုံးများက စီရင်ချက်များချမှတ်လာခြင်းဖြစ်သည်။ ခန်း၏ PTI ပါတီမှ ကိုယ်စားလှယ်လောင်းအများစုကလည်း ပါ တီတံဆိပ်ချွတ်၍တစ်သီးပုဂ္ဂလများအဖြစ်သာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည်။

PTI ပါတီ ပြောရေးဆိုခွင့်ရှိသူ ဇူလ်ဖီကာ ဘူခါရီကမူ ပါကစ္စတန်နိုင်ငံ၏တရားရေးစနစ်မှာ ဝမ်းနည်းဖွယ်ကောင်းအောင် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း စီရင်ချက်ချမှတ်အပြီးတွင် ပြောကြားခဲ့သည်။

Ref- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *