၃၁. ၁. ၂၀၂၄
Written By Thandar

ပရိသတ်အချစ်တော် ခိုင်သင်းကြည်ကတော့ သုံးနှစ်လောက် မရောက်ဖြစ်တဲ့ ကမ်းခြေကို ချစ်သမီးလေး စံထိပ်ထားဦးကို စောင့်ရှောက်ရင်း စိတ်ပြေလက်ပျောက်အပန်းဖြေနေတယ်လို့ဆိုပါတယ်။

“ကမ်းခြေမရောက်ဖြစ်တာ ၃ နှစ်လောက်ရှိပြီ။ ဒီနေ့တော့ ထိပ်လေးကျောင်းကအဖွဲ့တွေနဲ့ သွားတဲ့နောက်ကိုလိုက်ရင်း မာမီ့ကိုစိတ်ပြေလက်ပျောက်ပို့ရင်း Yoga ပုံလေးတွေရိုက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဆရာလည်းအနားမှာ မရှိတာမို့ Pose လေးတွေ မှားနေတာရှိရင် သည်းခံပေးပါနော်”လို့ အကယ်ဒမီ ခိုင်သင်းကြည်က ပရိသတ်သိအောင်ပြောလာပါတယ်။

မကြာခင်က ခိုင်သင်းကြည်ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက်မှာ လက်ရှိအချိန်မှာ ကမ်းခြေတစ်ခုမှာ သမီးဖြစ်သူ စံထိပ်ထားဦးအတူ ယောဂလေ့ကျင့်နေတဲ့ ပုံလေးတွေ ဝေမျှခဲ့သလို သမီးဖြစ်သူ ရှိနေလို့ ဘဝက နေပျော်နေတယ်လို့ ဆိုပါတယ်။

“ဒီအချစ်လေးတွေရှိနေလို့သာ ဘဝမှာနေပျော်နေသေးတာပါ ” လို့ သူမက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *