၂၉. ၁. ၂၀၂၄
Written by Thettant

မြန်မာ့စပါးအုံးလို့ ကမ္ဘာကသိတဲ့ ဖိုက်တာ အောင်လအန်ဆန်ဟာ One Championship နဲ့ ပြန်လည်လက်တွဲပြီး လက်လွှတ်ခဲ့ရတဲ့ ရွှေခါးပတ်တွေ ပြန်လည်ဆွတ်ခူးဖို့ အဆင်သင့်ဖြစ်နေပြီလို့ အသိပေးလာပါတယ်။

“One Championship ဟာ ကျွန်တော့်​ရဲ့ MMA ခရီးလမ်းကို စတင် လျှောက်လှမ်းခဲ့တဲ့ နေရာဖြစ်ပြီး ကျွန်တော်ရဲ့ ပြီးဆုံးမယ့် ပန်းတိုင်နေရာလည်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရွှေခါးပတ် ပြန်လည် ဆွတ်ခူးနိုင်ဖို့အတွက် ကျွန်တော် အဆင်သင့်ပဲဗျာ။ ဘုရားသခင်ရဲ့ လမ်းညွှန်မှု၊ ဉာဏ်ပညာနဲ့ စိတ်ရှည်မှုအတွက် အမြဲကျေးဇူးတင်ပါတယ်” လို့ အောင်လအန်ဆန်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ မေလ ၅ ရက်နေ့က ထိုးသတ်တဲ့ One Fight Night 10 မှာ တရုတ်နိုင်ငံသား Fan Rong နဲ့ နောက်ဆုံးထိုးသတ်ခဲ့ပြီး အနိုင်ရခဲ့သလို ချန်ပီယံစိန်ခေါ်ခွင့်နီးစပ်ပေမဲ့ One Championship နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်လို့ ကြားထဲမှာ ပွဲဆက်ဝေးခဲ့ရသလို အဲဒီအချိန်ကနေစပြီး One Championship နဲ့ သူ့အကြားစာချုပ်ကိစ္စညှိနှိုင်းတာ အချိန်အတော်ကြာ အဆင်မပြေခဲ့ပေမယ့် အခုတော့ ပြန်လည်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ One Championship ရဲ့ Middleweight နဲ့ Light heavyweight ရဲ့ နှစ်ထပ်ကွမ်း ချန်ပီယံဟောင်းလည်း ဖြစ်ပြီး မကြာမီကာလအတွင်းမှာ သူလက်လွှတ်ခဲ့ရတဲ့ချန်ပီယံခါးပတ်တွေ ပြန်လည်စိန်ခေါ်ခွင့်ရမဲ့ အခြေအနေလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *