၂၃. ၁. ၂၀၂၄
Photo & Written by Nyein Kyaw

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ စနေ၊ တနင်္ဂနွေနဲ့ အခါကြီးရက်ကြီး ရုံးပိတ်တွေမှာ လာရောက်ဖူးမြော်သူ များပြားသလို အေးချမ်းစွာ သီးသန့်ဖူးမြော်ချင်သူတွေကလည်း ရုံးဖွင့်ရက်တွေမှာ ရုံးဆင်းချိန်အပြန် ဝင်ရောက်ဖူးမြော်သူတွေလည်း ရှိနေတာကြောင့် ဘုရားကြီးဆီ လာရောက်ဖူးမြော်သူတွေက စဉ်ဆက်မပြတ် ရှိနေတာဖြစ်ပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ရင်ပြင်တော်မှာ နေ့စဉ် ညနေ ၅ နာရီကနေ ည ၇ နာရီအထိ ဝတ်ရွတ်အသင်းတွေကလည်း အလှည့်ကျ ဝတ်ရွတ်ပူဇော်နေတာဖြစ်လို့ ရုံးဖွင့်ရက်နေ့မျိုးမှာ ဘုရားဖူးလာရောက်သူ နည်းတာကြောင့် ဝတ်ရွတ်အသံ၊ ခေါင်းလောင်းထိုးသံတွေနဲ့ အေးချမ်းမှုကို အပြည့်အဝခံစားရတာဖြစ်ပါတယ်။

“ကျွန်မတို့က ဝန်ထမ်းတွေ နယ်ဘက်ကနေ နေပြည်တော်မှာ သင်တန်းလာတက်နေတာ။ ဒီလိုနေ့ဆို သင်တန်းဆင်းချိန် ဝင်ဖူးတော့ အေးအေးဆေးဆေး ဖူးလို့ရတယ်။ ထိုင်စရာနေရာတွေလည်း အဆင်ပြေတယ်လေ” လို့ နေပြည် တော်မှာ လာရောက်သင်တန်းတက်နေတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *