၂၃. ၁. ၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခတ္တရာမြို့သစ်နယ်မြေ၊အောင်ရတနာရပ်ကွက်တွင် ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီခွဲခန့်က ရာအိမ်မှူးတစ်ဦး ဓားခုတ်ခံရ၍ ဓားဒဏ်ရာများစွာဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၇၀ အရွယ်ရှိပြီး မျက်နှာ၊နှုတ်ခမ်း၊ ရင်ဘတ်၊ ဝမ်းဗိုက်ဘေး၊ လက်နှင့်ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရာအိမ်မှူးမှာ ရပ်ကွက်တွင် လင်မယားရန်ဖြစ်မှုကို ၃ ကြိမ်ထက်မနည်း သွားရောက်ဖျန်ဖြေချိန် ယောကျ်ားဖြစ်သူကို လက်ပါရာမှ ယင်းအမျိုးသားက အ​ငြိုးထားခဲ့ကြောင်း၊ ယင်းနောက် ၂၂ ရက်နေ့က အ​ငြိုးထားသူ အမျိုးသားမှာ အရက်ခေါ်တိုက်ပြီး အပြန်တွင် အသင့်ပါလာသော ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဓားဖြင့်ခုတ်သူအမျိုးသားမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး သက်သေခံ ဓားကို တွေ့ရှိထားသော်လည်း ကျူးလွန်သူမှာ ထွက်ပြေးနေကြောင်း သိရသည်။ အဆိုပါ ဓားခုတ်အသတ်ခံရ၍ သေဆုံးမှုကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ အဖွဲ့ဝင် ၆ ဦးဖြင့် သွားရောက် ကူညီကာ ရုပ်အလောင်းကို ပြည်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *