၂၃. ၁. ၂၀၂၄
Written by Thettant

သင်္ဘောပေါ်ကနေ သံပြားကြီးတွေ ချနေတဲ့ ဝန်ချီစက် မတော်တဆဖြစ်ပြီး လဲကျရာက လူ ၂ ဦးအပေါ် ပိမိတာကြောင့် နှစ်ဦးစလုံးသေဆုံးခဲ့တဲ့ ဖြစ်စဥ် ဒီနေ့မနက်မှာဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဥ်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်က မြတ်နိုးသူကွင်းမှာ ဒီမနက် ၈ နာရီကျော်က ဝန်ချီစက်သုံးပြီး သံပြားကြီးတွေမနေချိန် ဝန်ချီစက်ကသံပြားတွေနဲ့အတူ လဲကျ (Crane Accident) ခဲ့တာကြောင့် အောက်မှာရှိနေတဲ့ အမျိုးသားတစ်ဦးအပေါ် ဝန်ချီစက်ကြီးတည့်တည်လဲကျလာပြီး အခြားတစ်ဦးကိုပါ ထိခိုက်ခဲ့တာလို့ အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဒီ ကရိန်းမတော်တဆမှုဖြစ်စဥ်ကို အကြင်နာကုသိုလ်ပြုလူမူကူညီရေးအဖွဲ့နဲ့သာကေတကွန်ရက်အဖွဲ့တွေ မနက် ၉ နာရီခန့်မှာ သွားရောက်ကူညီခဲ့ချိန်မှာ အသက် ၃၅ နှစ်အရွယ် ဦးမျိုးမြင့်အောင်က သေဆုံးနေပြီး အသက် ၃၈ နှစ်အရွယ် ဦးမန်းကျော်ကတော့ စိုးရိမ်ရဒဏ်ရာတွေရှိနေတာကြောင့် စံပြဆေးရုံဆီ အချိန်မီပို့​ဆောင်ပေမဲ့ ရရှိဒဏ်ရာများပြားတာကြောင့် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *