MT News
၂၁. ၁. ၂၀၂၄

နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ရေး မည်မျှပင်စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောင့်အယှက်များ၊ အခက်အခဲများ ရှိနေမည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်၍ သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင်ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(SAC) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၇ ထပ်ဆောင်ဖွင့်လှစ်ပွဲတွင် ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး ကျေးလက်ကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ ဆေးရုံကြီး၊ ဘားအံမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံ ကြီး၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးစသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ရှိသည့် ဆေးရုံကြီးများတွင် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီး(ရန်ကုန်)တို့တွင် တိုးချဲ့ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ခုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံများတွင် (၂)ထပ် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်တို့အတွက် သင်ကြားရေးဆိုင်ရာ အဆောက်အဦ များ ဆောက်လုပ်ပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ဌာနခွဲများ ဖွင့်လှစ်ပေးခြင်း စသည်တို့ကို မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထိုသို့ နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ရေး မည်မျှပင်စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့် အရေးကို ခံစားနိုင်ရန် အနှောင့်အယှက်များ၊ အခက်အခဲများ ရှိနေမည်ဆိုပါက အကျိုးရှိ နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင်ဆောင်ရွက်ကြရန်လိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏အကြီးဆုံး ဆေးရုံကြီးဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများ အားကိုးအားထားပြုရပြီး ဆေးပညာသင်ကြားရေးအတွက်လည်း ခေတ်အဆက်ဆက် အဓိကကျသည့် ဆေးရုံကြီးလည်းဖြစ်၍ ဆေးရုံကြီး၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ၁၈၇၃ ခုနှစ် ကတည်းက (၄၈၃)ခုတင်နှင့် တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက်တွင် ခုတင်များ တိုးမြှင့်လာခဲ့ သည်မှာ ၂၀၁၆ ခုနှစ်တွင် ခုတင်(၂၀၀၀)ဆံ့ဆေးရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများစွာကို အကျိုးပြုနေသည့် ဆေးရုံကြီးလည်းဖြစ်ကြောင်း၊ ယနေ့အသစ် ဖွင့်လှစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ဆောင်အသစ်ကြီး ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ခုတင်(၂၀၀၀)ဆံ့ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တိုး တက် များပြားလာသည့် လူနာများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရန်နှင့် နိုင်ငံ တကာအဆင့်မီ ဆေးကုသမှုကို ပြည်သူများ ရရှိခံစားနိုင်စေရန်အတွက် ထပ်မံ ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းကို အသိပေးပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည

ယခု(၇)ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ရသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများအကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန်ရည်ရွယ်ပြီး ဆေးရုံဆောက်လုပ်ခြင်းကို ပြီးစီးအောင် တစ်စိုက်မတ်မတ် ဆက်လက်တည်ဆောက်ပေးသည့်အတွက် ယနေ့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အခက်အခဲအမျိုးမျိုးဖြင့် ကြန့်ကြာနေသည့်(၇)ထပ်ဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးအောင် ကြိုးပမ်းတည်ဆောက်ပေးခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိတ်ရောကိုယ်ပါကူညီဆောင်ရွက်ပေးကြသည့်ဌာန အသီးသီးက တာဝန်ရှိသူများကိုလည်း ချီးကျူးဂုဏ်ပြုလိုကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ တည်ဆောက်ထားသည့် (၇)ထပ်ကုသဆောင်သစ်ကြီးအတွင်း၌ နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစားရရှိနိုင်ရန် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲခန်းများ၊ ပုံရိပ်ဖော်နည်းပညာဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါလူနာဌာန၊ ရိုးတွင်းချဉ်ဆီ လဲလှယ် ကုသဌာနတို့ပါဝင်ပြီး ပြည်သူများအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာ အဆင့် မြင့်မားသည့် ကုသမှုများကို ပိုမိုရရှိနိုင်တော့မည် ဖြစ်ကြောင်း၊ ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း မြင့်မားလာစေရေးနှင့် ပြည်သူများ တစ်ဦး ချင်းစီက စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျစရိတ်သက်သက်သာသာနှင့် အားလုံး လက်လှမ်းမီ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့အတွက် ကျန်းမာရေးနှင့်သက်ဆိုင်သည့် ဝန်ထမ်းအသီးသီး၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့က ကောင်းမြတ်သည့်စေတနာ၊ မွန်မြတ်သည့် စိတ်ထား၊ ပြည့်ဝသည့်မေတ္တာတရား၊ အကြင်နာများနှင့် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News