၂၁. ၁. ၂၀၂၄
Written by Nay Aung

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်း ထိစပ်နေသော နေရာများကို လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပေးထားခြင်းကို ပြန်ရုပ်သိမ်းခဲ့သလို နှစ်နိုင်ငံကြားနယ်စပ်ဒေသကို ခြံစည်းရိုးခတ်သွားမည်ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ဆာဟတ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးက “ဝန်ကြီးချုပ်မိုဒီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အိန္ဒိယနဲ့မြန်မာနိုင်ငံကြား ထိစပ်နေတဲ့နယ်စပ်ဒေသတစ်ခုလုံးကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ခြံစည်းရိုးခတ်ခဲ့သလိုမျိုး လုပ်ဆောင်သွားမယ်”ဟု ​ပြောသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ၁၆၄၃ ကီလိုမီတာထိစပ်နေပြီး အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များဖြစ်သော မီဇိုရမ်၊ နာဂလန်း၊ မဏိပူရနှင့် အာရူနာချယ် ပရာဒက်ချ်ပြည်နယ်များက မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေကြောင်း သိရသည်။

ထို့အပြင် အိန္ဒိယအစိုးရသည် နယ်စပ်ဒေသမှနေပြီး အိန္ဒိယပိုင်နက် ၁၆ ကီလိုမီတာအတွင်းကို ဗီဇာမပါဘဲ မြန်မာနိုင်ငံသားများ ဖြတ်သန်းသွားလာခွင့်ပြုမည့် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် (Free movement- FMR) ကိုလည်း ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးက ” အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နယ်စပ်ဒေသတွေမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယပိုင်နက် ၁၆ ကီလိုမီတာအတွင်းကို ဗီဇာမပါဘဲ ဝင်ထွက်သွားလာခွင့်ပေးတာကို ရပ်တန့်သွားဖွယ်ရှိနေပါတယ်”ဟုပြောသည်။

သို့သော်လည်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကတော့ အိန္ဒိယဗဟိုအစိုးရ၏အစီအစဉ်များကို ဆန့်ကျင်ထားသော်လည်း ၎င်းတွင် ဗဟိုအစိုးရ၏အစီအစဉ်ကိုရပ်တန့်စေရန် လုပ်ပိုင်ခွင့်အာဏာမရှိကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Lalduhoma က ” ဗဟိုအစိုးရဟာ အိန္ဒိယနဲ့မြန်မာနယ်စပ်ဒေသတွေကို ခြံစည်းရိုးခတ်တာ၊ FMR အစီအစဉ်တွေကို ပြန်ရုပ်သိမ်းတာတွေကို အစီအစဉ်အတိုင်းလုပ်ဆောင်လာမယ်ဆိုရင်တော့ ရပ်တန့်စေဖို့ အခွင့်အာဏာမရှိပါဘူး။ မီဇိုရမ်ပြည်နယ်နဲ့မြန်မာနယ်စပ်ဒေသပိုင်နက်ကို ဗြိတိန်အစိုးရဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။ နှစ်နိုင်ငံစလုံးက မီဇိုလူမျိုးတွေကတော့ အဲဒီအစီစဉ်ကို လက်မခံဘူး ” ဟုပြောသည်။

Ref hindustantimes

Leave a Reply

Your email address will not be published. Required fields are marked *

Related News