၂၁. ၁. ၂၀၂၄

Written by Nay Aung

တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း ဈေးကွက်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သော MIMU အဖွဲ့ကပြောသည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ်အတွင်းရှိဈေးအများစုတွင် စားသုံးဆီဈေးနှုန်းများ နှစ်ဆမြင့်တက်လာခဲ့ပြီး ‌ဈေးအချို့တွင် ပဲမျိုးစုံဈေးနှုန်း ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း၊ MIMU က ဖော်ပြထားသည်။ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်၏ ဟင်းသီးဟင်ရွက်ဈေးနှုန်းများသည် ပြီးခဲ့သောလများနှင့်နှိုင်းယှဉ်လျှင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်နီဈေးနှုန်းများကလည်း ၅၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းနှင့် ၂၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း MIMU အဖွဲ့က ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောနှစ် နိုဝင်ဘာလတည်းကစတင်ပြီး တိုက်ပွဲများတစ်ကျော့ပြန်ဖြစ်ပွားလာခဲ့ရာ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ မြင့်တက်လာခဲ့သလိုကုန်ဈေးနှုန်းများလည်းမြင့်တက်လာခဲ့သည်။ ရခိုင်ပြည် နယ်အတွင်းရှိ ရသေ့တောင်မြို့နယ်သည် ဒီဇင်ဘာလအတွင်းတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများအများဆုံးမြင့်တက်ခဲ့သော မြို့ဖြစ်ခဲ့ကြောင်းသိရသည်။ အလားတူ အသားနှင့်ငါး ဈေးနှုန်းများသည် အခြားအစားအစာများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းတက်မှု နှေးကွေးခဲ့သော် လည်း ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်၌ အသားနှင့်ငါးဈေးနှုန်း အနည်းဆုံး ၂၃ ရာခိုင်နှုန်းဈေးတက်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင်၊ ဆပ်ပြာများ၊ သွားတိုက်ဈေး၊ အပါအဝင် တစ်ကိုယ်ရေသန့်ရှင်းထုတ်ကုန်များ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း၊ ထို့အပြင် မီးသွေးဈေးနှုန်းများကလည်း ရခိုင်ပြည်နယ်တွင် နှစ်ဆမြင့်တက်လာခဲ့ကြောင်း၊ MIMU အဖွဲ့က ပြောသည်။

Ref relief

Leave a Reply

Your email address will not be published. Required fields are marked *