၁၇.၁.၂၀၂၄
Written by KL

မြန်မာနိုင်ငံတွင် ပထဆုံးအကြိမ်အဖြစ် နိုင်ငံတကာ အိမ်မွေးတိရစ္ဆာန် အလှအပရေးရာအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် အိမ်မွေးတိရစ္ဆာန်ပွဲတော် (International Grooming Certification & Pet Fair Myanmar 2024) ကို ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏမြို့နယ်၊ Zawana Stadium ၌ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်​နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စီစဥ်သူများထံမှ သိရသည်။

အဆိုပါပွဲတော်တွင် အိမ်မွေး ခွေး၊ ကြောင်တို့၏ Pet Fashion Show၊ အိမ်​မွေးတိရစ္ဆာန်ချစ်သော အနုပညာရှင်များ၊ ကျော်ကြားသူများနှင့်တွေ့ဆံခြင်းအစီအစဥ်၊ Groomer များအတွက် မိမိ၏အိမ်မွေးတိရစ္ဆာန်များနှင့် အမွေးညှပ်ပြီး Grooming ပညာများ ပြသနိုင်မည့် Grooming Free Show အစီအစဉ်များနှင့် အခြားအစီအစဥ်များလည်း ပါဝင်ကြောင်း သိရသည်။

ဝင်ရောက်ဖြေဆိုသူ Groomer များအနေဖြင့် စာမေးပွဲဖြေဆိုမည့် ခေါင်းစဉ်များကို International Grooming Certification & Pet Fair Myanmar Facebook Page တွင် ဝင်ရောက် လေ့လာနိုင်မည်ဖြစ်သည်။

အဆိုပါပွဲတော်ကို Main Organizer အ​ဖြစ် Mandalay Pet Shop, Hotel, Spa & Clinic၊ Co-organizer အဖြစ် ဘိုမ, Bo Ma Pet Grooming and Spa တို့ပူးပေါင်း၍ Malaysia နိုင်ငံအခြေစိုက် SuperGroom အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *