၁၃. ၁. ၂၀၂၄

Written by Nay Aung

ကိုးကန့်လက်နက်ကိုင် MNDAA အဖွဲ့နှင့် မဟာမိတ်လက်နက်ကိုင်အဖွဲ့များက ဇန်နဝါရီ ၄ ရက်နေ့တွင် လောက်ကိုင်မြို့ကို မသိမ်းပိုက်ခင် အချိန်တည်းကလောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၅၄၉ ဦးကို ကယ်ထုတ်နိုင်ခဲ့သည့်အတွက် လက်ရှိအချိန်တွင် လောက်ကိုင်မြို့၌ ပိတ်မိနေသည့် ထိုင်းနိုင်ငံသားမကျန်ရှိတော့ကြောင်း၊ MNDAA နှင့်မဟာမိတ်လက်နက်ကိုင်အဖွဲ့များက လောက်ကိုင်မြို့ကို မသိမ်းပိုက်ခင် အချိန်တည်းက လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ထုတ်ထားနိုင်ခဲ့ကြောင်း ထိုင်းအစိုးရက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကန်ချာနာ ပါတရာချိုကီက ” ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၊ ထိုင်း ကောင်စစ်ဝန်ရုံးတို့ဟာ အနီးကပ်ပူးပေါင်းပြီး ထိုင်းနိုင်ငံသားတွေကို အကူညီပေးနိုင်ဖို့လုပ်ဆောင်ခဲ့တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောနှစ်အောက်တိုဘာလနောက်ပိုင်းတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ပူးပေါင်းပြီး တပ်မတော်စခန်းများကို တိုက်ခိုက်ခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုင်းနိုင်ငံသားများ ပိတ်မိနေခဲ့သည်။

ထိုင်းအစိုးရတာဝန်ရှိသူများသည် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ခေါ်ယူနိုင်ရန်အတွက် မြန်မာအာဏာပိုင်များအပြင် တရုတ်အစိုးရနှင့် ပူးပေါင်းပြီး မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ရကြောင်း သိရသည်။

Ref .,The Star

Leave a Reply

Your email address will not be published. Required fields are marked *

Related News