၁၁.၁.၂၀၂၄

Written by KL

ရန်ကုန်တိုင်းဒသကြီး မှော်ဘီမြို့နယ် ရန်ကုန် – ပြည် လမ်းမကြီး စုပေါင်းရုံးကွေ့ မိုင်တိုင် ၃၂/၀ အနီးတွင် ဇန်နဝါရီ ၁၁ ရက် နံနက် ၅ နာရီခန့်က ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးကို ကားတစ်စီး တိုက်မိရာမှ ဦးနှောက်များ ကားလမ်းပေါ်ပြန့်ကျဲကာ ပျံလွန်တော်မူခဲ့ကြောင်း မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ မြို့) ထံမှ သိရသည်။

အဆိုပါ ရဟန်းမှာ သက်တော် ၄၀ ဝန်းကျင်ခန့်ရှိပြီး ဆွမ်းခံ ထွက်လာစဥ်ကားတိုက်ခံရကာ အခင်းဖြစ် နေရာတွင်ပင် ပျံလွန်​တော်မူခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟန်းမှာ ပေါ်တော်မူစောင်း ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသော ရဟန်းတစ်ပါးဖြစ်သည်ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါရဟန်းကို မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ မြို့)၏ မော်တော်ယာဥ်ဖြင့် အသင်းဝင်နှစ်ဦးက သွားရောက် သယ်ယူကာ မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ မြို့)မှ အသင်းဝင်တစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *