၁၁. ၁. ၂၀၂၄

Written by Hey Mar

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ခရီးသည်တင်ယာဥ်က ကျန်းမာရေးကိစ္စရပ်နားပေးချိန် ချောင်းကူးတံတားပေါ်တက်ပြီး အပေါ့အပါး သွားသူ ခရီးသည်အမျိုးသားနှစ်ဦး တံတားပေါ်က ပြုတ်ကျပြီး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ ထံကနေ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဇန်နဝါရီ ၁၁ ရက် ည ၈ နာရီ ဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့ပြီး၊ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ Express ခရီးသည်တင်ယာဥ်က အပေါ့အပါးသွားဖို့​အတွက် မိုင်တိုင်အမှတ်(၂၂၉/၆) ဖာလုံ တံတားအကျော် မှာ ကားခေတ္တရပ်နားပေးခဲ့ကြောင်း၊ ယာဉ်ပေါ်လိုက်ပါသူတွေအနက် ခရီးသည် အမျိုးသား၂ ဦးက ကားပေါ်မှဆင်းကာ တံတားပေါ်ကို သွားရောက်ပြီး အပေါ့စွန့်နေချိန် ‌ခြေချော်ပြီးပြုတ်ကျတာဖြစ်​ကြောင်း၊ တံတားအမြင့် ပေ ၂၀ ရှိပြီး အောက်ကို မှောက်လျက်ပြုတ်ကျတာကြောင့် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရရှိသူ နှစ်ဦးကို ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်နဲ့ နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *