၁၂. ၁. ၂၀၂၄
Written by KL

ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၇၂)ရပ်ကွက် အနော်ရထာလမ်းတွင် ဇန်နဝါရီ ၁၂ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က နေအိမ် ၃ လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ ၁၅ မိနစ်ကြာ လောင်ကျွမ်းခဲ့ပြီး အလျား​ ၂၀ ၊အနံပေ ၆၀ ရှိ သွပ်မိုးထရံကာ ပျဥ်ခင်း ၁ ထပ်နေအိမ် ၃ လုံးမီးလောင်ဆုံးရှုံးခဲ့ရကြောင်း စစ်ဆေးသူများထံမှ သိရသည်။

“မီးလောင်တဲ့ အိမ်တွေထဲမှာ လူမရှိတဲ့ အိမ်လည်းပါတယ်ဆိုတော့ ဘာကြောင့်လောင်လဲဆိုတာ မသိရသေးပါဘူး စစ်ဆေးတုန်းပါပဲ”ဟု စစ်ဆေးသူများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၁ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ အသေးစိတ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *