၁၀.၁.၂၀၂၄
Written by KL

မှော်ဘီမြို့နယ်၊ မိုးကြိုးပစ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် မိုးကြိုးပစ်ကျေးရွာကြား ရွာချင်းဆက်လမ်းဘေးရှိ လယ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၁၀ ရက်) နံနက်ပိုင်းက သေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးနေသော အမျိုးသားမှာ အသက် ၃၀ ဝန်းကျင်ခန့်ရှိပြီး ပြင်ပဒဏ်ရာမရှိဘဲ အာဟာရပြတ်ကာ သေဆုံးနေခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“အလောင်းက လယ်ကွင်းထဲမှာ တွေ့တာ။ လမ်းပေါ်ကနေ ၈ မိနစ်လောက်သွားရတယ်။ အသင်းဝင်နှစ်ဦးနဲ့ရွာခံတွေက ဝိုင်းဝန်းကူညီပေးကြတယ်”ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့မလူမှုကယ်ဆယ်ရေးအသင်း(မှော်ဘီမြို့)မှ အသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို မှော်ဘီမြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *