MT News

Written By Thandar

ဘဝရဲ့အနိမ့်အမြင့် အတက်အကျတွေကို ရင်ဆိုင်ပြီး အားမလျှော့ဘဲ ကြိုးစားနေကြတဲ့ လူငယ်တွေကို ခွန်အားပေးတဲ့ “အဖိုးတန်လူသားငယ်” တေးသီချင်းကို ရေးသားခဲ့တဲ့အချိန်က မျက်ရည်ကျခဲ့ရတယ်လို့ အဆိုတော် မိစန္ဒီက ဆိုပါတယ်။

“အဖိုးတန်လူသားငယ် သီချင်းက ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတွေ ကံကြမ္မာ ဝဲဂယက်တွေ လောကဓံတွေကြား ကျင် လည်ရင်း အိပ်မက်တွေမက်ရင်း အားမလျှော့ဘဲ ကြိုးစားနေကြသော လူငယ်များ လူသားများ အားလုံးအတွက် သီချင်းအသစ်လေးပါ။ မိစန္ဒီလည်း အဲ့လို လူသားတွေထဲက တစ်ယောက်ပါပဲ။ ဒီသီချင်းရေးတုန်းကလည်း ရှိုက်ကြီးတငင်ငိုကြွေးမိတယ်။ နားထောင်တိုင်းလည်း ငိုချင်တယ်။ အင်အားတွေလည်း ဖြစ်စေတယ်။ဘဝမုန်တိုင်းကြမ်းတွေကြား ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝအတွက် ကိုယ်ချစ်တဲ့ လူတွေအတွက် ရှေ့ဆက်ကြိုးစား နေကြတဲ့သူတွေအားလုံးဟာ “အဖိုးတန်လူသားငယ်” တွေပါပဲ။ မျှော်လင့်ထားတဲ့ အိပ်မက်တွေ တချိန်မှာ တကယ်ဖြစ်လာမယ်နော်”လို့ အဆိုတော် မိစန္ဒီက ပြောပါတယ်။

အဆိုပါ တေးသီချင်းကို Z productions၊ ကိုရဲဇော်မျိုးနဲ့ အဆိုတော် မိစန္ဒီတို့က နှစ်သစ်လက်ဆောင်အနေနဲ့ ပူးပေါင်းတင်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး လောကဓံများကြားကျင်လည်ရင်း အိပ်မက်တွေအတွက် အားမလျော့ဘဲ ကြိုးစားနေကြဖို့ လူငယ်‌ တွေအတွက် ရည်ရွယ်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

အဖိုးတန်လူသားငယ်သီချင်းကိုတော့ အဆိုတော် မိစန္ဒီရဲ့ Facebook၊ Youtube နဲ့ Z production တို့က နားဆင်နိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *