MT News

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ စံရိပ်ငြိမ်(၆)လမ်းက အထပ်မြင့်တိုက် ၅ လွှာမှာ ဒီနေ့ ဇန်နဝါရီ ၉ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၃ ဦး ပိတ်မိနေခဲ့တာကြောင့် ရှာဖွေကူညီကယ်ဆယ်ရေးတွေ အချိန်နဲ့တစ်ပြေးညီ ကူညီလုပ်ဆောင်ခဲ့တယ်လို့ မြေပြင်မှာ သွား ရောက်ကူညီနေတဲ့ လူမှုကူညီရေးအသင်းတွေက သိရပါတယ်။

ပိတ်မိသူ အမျိုးသမီး ၃ ဦးက မီးလောင်တဲ့ အခန်းရဲ့ အပေါ်ထပ်အခန်းက ဖြစ်ပြီး တိုက် အနောက်ဘက် အရေးပေါ်လှေကားကနေ ဆင်းနိုင်အောင် လူမှုကူညီရေးအသင်းတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီပေးခဲ့ကြတယ်လို့ ရွှေရုပ်လွှာ ပရဟိတ အသင်းထံက သိရပါတယ်။

“အရမ်းဆိုးရွားတဲ့ အခြေအနေမဟုတ်ပါဘူး။ ကြောက်ကြတာလည်း ပါပါတယ်။ ဆေးရုံတော့မပို့ရပါဘူး။ မီးက ညနေ ၅ နာရီ ၁၀မိနစ်မှာ အကုန်ငြိမ်းပါတယ်”လို့ ရွှေရုပ်လွှာ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွား​ရာနေရာကို ကမာရွတ်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လှိုင်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့နဲ့ ထွက်ခွာ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *