မအီရှဲန်ကျွဲ၊ နေအိမ်နှင့် သူမအိမ်မှ ဖမ်းဆီးရမိသော ကျပ် ၂၈ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးများကို တွေ့ရစဥ်

MT News

Written by Thi Ha

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်တွင် နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ဒေသကာလတန်ဖိုးငွေကျပ် ၂၈ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်း​ခေါင်းခါမူးယစ်ဆေးဝါး၊ စိတ်ငြိမ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများသိုလှောင်သူ အမျိုးသမီးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ မအီရှဲန်ကျွဲ့ ၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေ ကျပ် ၂၈ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းခေါင်းခါ Ecstasy ဆေးပြား ၆၁၆၀၀၀ ပြား၊ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water) ၁၁၃ ဒသမ ၀၄ ကီလို၊ စိတ်ငြိမ်ဆေးဝါး Erimin-5 ဆေးပြား ၃၅၀၀၀ ပြားနှင့် Honda မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ဟု သိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိသူ မအီရှဲန်ကျွဲ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးပစ္စည်းများ၊ ပိုင်ဆိုင်မှုများအား ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ထပ်မံအရေးယူနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *