သေနတ်ပြလုယက်ကာ မိုင်းခွဲခံရသည့် မြင်ကွင်း

MT News

Written by Thettant

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်မှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁၆ ကျပ် ၁ မတ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား PDF ဟုဆိုသည့် လူ ၁၀ ဦးခန့်က သေနတ်ပြခြိမ်းခြောက်ယူဆောင်ပြီး နေအိမ်အား မိုင်းခွဲဖျက်ဆီးခဲ့သည်ဟု SAC က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သီရိလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်သို့ နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီခွဲအချိန်တွင် PDF ဟုဆိုသည့် လူ ၁၀ ဦးခန့် လက်နက်ငယ်ကိုယ်စီဖြင့်ရောက်ရှိလာပြီး သော့ခတ်ထားသော နေအိမ်ဘာဂျာသံတံခါးအား ဖွင့်ပေးရန်နှင့် မဖွင့်ပါက မိသားစုအားလုံးကိုပစ်သတ်မည်ဟု သေနတ်ဖြင့်ခြိမ်းခြောက်၍ ဖွင့်ခိုင်းခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းသို့ဝင်ရောက်၍ ပရိဘောဂများအားရိုက်ခွဲဖျက်ဆီးကာ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁၆ ကျပ် ၁ မတ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အားယူဆောင်ပြီး မိုင်း ၁ လုံး ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် နေအိမ်အတွင်း လက်လုပ်မိုင်း ၂ လုံး ထောင်ထားခဲ့ပြီး အဆိုပါ PDF ဆိုသူများသည် မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး နေအိမ်အတွင်း PDF များ ထောင်ထားခဲ့သည့် မိုင်း ၂ လုံးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရှင်းလင်းခဲ့ရပြီး ဖမ်းဆီးနိုင်ရေး ​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *