၈. ၁. ၂၀၂၄
Written by KL

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သာယာအေးရပ်ကွက်တွင် ဇန်နဝါရီ ၇ရက် ည ၁၀ နာရီခန့်က ရေမော်တာ​ ပြုပြင်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်လိုက်သေဆုံးသူ အမျိုးသားမှာ လူလတ်ပိုင်းအရွယ်ရှိပြီး ဓာတ်လိုက်သည်ကို သိသိချင်းပင် အနီးရှိသူများက ကူညီကယ်ဆယ်ခဲ့သော်လည်း အသက်မမှီခဲ့ကြောင်း သိရသည်။

ဓာတ်လိုက်ခံရသော အမျိုးသားကို မော်လမြိုင် ပြည်သူ့​ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့သဖြင့် ရုပ်အလောင်းကို ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း ကူညီ​​ဆောင်ရွက်ပေးခဲ့သော ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *