၈. ၁. ၂၀၂၄
Written by Hey Mar

မော်တော်ယာဥ်နဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာက ဆိုင်ကယ်မောင်းနှင်သူ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တဲ့ ဖြစ်စဉ် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ မနေ့က ဇန်နဝါရီ ၇ ရက် နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်ရွာနဲ့ အံခဲရွာကြားရှိ ကားလမ်းပေါ်မှာဖြစ်ပွားခဲ့ပြီး ဦးဝင်းဟန်မောင်းနှင်လာတဲ့ Hijet ယာဥ်နဲ့ အံခဲကျေးရွာကနေ ဝဲကလောင်ကျေးရွာဘက်ကိုဦးငွေဝင်း မောင်းနှင်လာတဲ့ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိတာလို့ သိရပါတယ်။

ယာဉ်တိုက်မိတဲ့ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသူဦးငွေဝင်းဟာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိကာ အခင်းဖြစ်နေရာတင် သေဆုံးခဲ့တာကြောင့် လူအသက်သေဆုံးသည်အထိယာဥ်မဆင်မခြင်မောင်းနှင်သူညဦးဝင်းဟန်ကို အရေးယူပေးရန်တိုင်တန်းချက်အရ သံဖြူဇရပ်မြို့မရဲစခန်းက ယာဥ်(ပ)၂/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကအရအမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *