၇ .၁ .၂၀၂၄
Written by MMAK

မန်စီးတီး Vs ဟတ်ဒါဖီးလ်

မန်စီးတီးအိမ်ကွင်းမှာ ချန်ပီရှစ်ကလပ် ဟတ်ဒါဖီး ဘာမှလုပ်ပြနိုင်ဖို့ မရှိဘဲ တစ်ပွဲလုံး ပိတ်ကစားရုံရှိပါတယ်။ မန်စီးတီးက အရံကစားသမားတွေ လူငယ်ကစားသမားတွေ ထည့်ကန်တောင် နိုင်မှာဖြစ်တဲ့အတွက် လူစုံသုံးပြီး ခြေကုန်ထုတ်ကန်စရာ အကြောင်းမရှိပါဘူး။ ဘော်ဒီကြေး သုံးလုံးငါးဆယ် အရှုံး ဂိုးပေါင်းကြေး လေးလုံး ငါးဆယ် အရှုံးအနေအထားမှာ ဟတ်ဒါဖီး ဂိုးရဖို့မရှိပါဘူး။ မန်စီးတီးရဲ့ လူငယ်ကစားသမားတွေ အရံကစားသမားတွေကလည်း ငါးဂိုးပြည့်အောင်သွင်းမှာ မဟုတ်ပါဘူး။ အလွန် ဆုံး သွင်းရင် လေးဂိုးပါ။ ဒီပေါက်ကြေး ဒီခြေအနေအရ ဂိုးအောက် တစ်မျိုးတည်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

လူတန် Vs ဘော်တန်

ဒီပွဲစဉ်ကို ဘွတ်ကီပေါက်ကြေး ဖော်လိုအရ ရွေးချယ်ပေးချင်ပါတယ်။ အင်္ဂလန်ရဲ့ အမြင့်ဆုံး ပရီးမီးယားလိဂ်မှာ ကန်နေတဲ့ လူတန်တောင်း။ အိမ်ကွင်းကစားအား ကောင်းပါတယ်ဆိုတဲ့ လူတန်တောင်းက နှစ်ဆင့်နိမ့်တဲ့ လိဂ်ဝမ်းကလပ်က အသင်းကို တစ်ဂိုးသွင်းရင် ငါးဆယ်စားဆိုတာ မဖြစ်သင့်ပါဘူး။ ဘော်တန်က ဝါရင့် သမ္ဘာရင့် အသင်းဖြစ်သလို နောက်ဆုံးလေးပွဲဆက် အနိုင်ရထားပြီး ခြေစွမ်းကောင်းပြသနေတဲ့ အတွက်ကြောင့် ဘွတ်ကီတွေ လူတန်အသင်းဘက်မှာ ရှိမနေတာ ဖြစ်နိုင်ပါတယ် ။ ဘော်တန်အသင်း ဂိုးရသွားမယ်လို့ ယူဆထားလို့ ဘော်တန်အသင်းနဲ့ ဂိုးပေါ် ရွေးချယ်ပေးချင်ပါတယ်။

နော်တင်ဟန် ဖောရက် Vs ဘလက်ပူးလ်

ပရီးမီးယားလိဂ်ကလပ် နောတင်ဟန်ဖောရက်အသင်း အရံကစားသမား အင်အားတောင့်တင်းသလို ဒီပွဲပြီးရင် ကြားထဲမှာ နှစ်ပတ် နားချိန်ရှိလို့ အခု အိမ်ကွင်းပွဲမှာ လူစုံထုတ်ပြီး နောက်တစ်ဆင့် တက်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ် ဘလက်ပူးလ် အိမ်ကွင်း​ကောင်းပေမဲ့ အဝေးကွင်း ခြေစွမ်း မကောင်းတာ တွေ့ရပါတယ်။ ဘော်ဒီကြေး တစ်လုံး လေးဆယ်အရှုံးပေးထားသလို ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ အဝေးကွင်းညံ့တဲ့ ဘလက်ပူးလ် အသင်း ချန်ပီယံရှစ်မှာ တန်းတက်ခွင့်ရဖို့် ကြိုးစားနေတာမို့ ဒီဖလားပွဲကို အာရုံ စိုက်ထားမယ် မထင်ပါဘူး။ ကစားသမား အရည်အသွေးရော ကစားပုံခြေစွမ်းရောသာတဲ့ အိမ်ရှင် နော်တင်ဟန် ဖောရက်အသင်းကို ရွေးချယ် ပေးချင်ပါတယ်။

ဝက်စ်ဘရွန်း Vs အဲဒါရှော့

ဝက်စ်ဘရွန်းက ချန်ပီယံရှစ် အသင်းဖြစ်ပြီး အဲဒါရှော့ အသင်းက အပျော်တန်းလိဂ်က ကလပ်အသင်းဖြစ်ပါတယ်။ အဲဒါရှော့အသင်း အဝေးကွင်းမှာ ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစားလာဖို့်ရှိပါတယ်။ ဝက််စ်ဘရွန်းအသင်း ဘော်ဒီကြေး နှစ်လုံးနှစ်ဆယ်စားထားပြီး ဂိုးပေါင်းကြေး သုံးလုံး ရှစ်ဆယ်အရှုံးဖြစ်ပါတယ်။ ဝက််စ်ဘရွန်းအသင်းရဲ့ နောက်ဆုံးငါးပွဲမှာ နှစ်ဂိုးသွင်းနိုင်တဲ့ပွဲ မရှိတာ ဖြစ်တဲ့အတွက် တိုက်စစ်အားနည်းတာ သိသာနေပါတယ်။ အဝေးကွင်းမှာ အဲဒါရှော့ အသင်းရဲ့သွင်းဂိုးတွေ မြင်ရဖို့ မလွယ်သလို တိုက်စစ်အားနည်းတဲ့ အိမ်ရှင် ဝက်ဘရွန်းရဲ့ သွင်းဂိုးတွေလည်း အများကြီး မြင်ရဖို့ မရှိပါဘူး။ အိမ်ရှင်ဝက်စ်ဘရွန်း ကပ်နိုင်သွားနိုင်ပြီး လေးဂိုးမရောက်နိုင်ဘူးလို့ ယူဆတဲ့အတွက် ဂိုးအောက်တစ်မျိုးတည်းကိုသာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ပီတာဘရော့ Vs လိဒ်

လိဂ်ဝမ်းကလပ် ပီတာဘရော့အသင်းနဲ့ ချန်ပီယံရှစ်ကလပ်အသင်း လိဒ်တို့ ထိပ်တိုက်တွေ့ဆုံပွဲ ဖြစ်ပါတယ်။ အဝေးကွင်းလိဒ်အသင်းက တစ်လုံး လေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး သရေ ဖြစ်ပါတယ်။ လိဒ်အသင်း  အိမ်ကွင်းကောင်းပေမဲ့ အဝေးကွင်းခြေစွမ်း သိပ်မကောင်းတာ တွေ့ရပါတယ်။ အိမ်ရှင်ပီတာဘရော့အသင်းကတော့ နောက်ဆုံးဆယ်ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ တိုက်စစ်က သိသိသာသာ ကောင်းတာတွေ့ရပါတယ်။ ဘော်ဒီကြေး ပျော့နေပေမဲ့ ဂိုးပေါင်းကြေး ပြင်းနေပုံအရ အိမ်ရှင်ပီတာဘရော့ အသင်း ဂိုးရမယ်လို့ ယူဆထားသလို လိဒ်အသင်းလည်း ဂိုးရသွားမယ် ထင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ပီတာဘရော့အသင်းနဲ့ ဂိုးပေါ် ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

ရှောဘူရီ Vs ဝရက်ဇ်ဟမ်း

လိဂ်ဝမ်းကလပ်ရှောဘူရီအသင်းကို တစ်ဆင့်နိမ့် လိဂ်တူး ကလပ် ဝရက်ဇ်ဟမ်းအသင်းက ပြားခြောက်ဆယ် အရှုံးပြန်ပေးထားတာ ဖြစ်ပါတယ်။ ရှောဘူရီအသင်း နှစ်ဆယ့်ခြောက်ပွဲကစားထားရာမှာ တိုက်စစ်က ဆယ့်ခုနှစ်ဂိုးသာ သွင်းထားနိုင်တာ တွေ့ရပါတယ်။ တိုက်စစ်ကောင်းတဲ့ ဝရက်ဇ်ဟမ်းအသင်းကတော့ တစ်ပွဲပျမ်းမျှ နှစ်ဂိုးသွင်းထားနိုင်တာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်း အသာရထားသလို ဘွတ်ကီတွေကလည်း ဝရက်ဇ်ဟမ်းအသင်းကို အကြိုက်တွေ့နေပုံရပါတယ်။ တစ်ဆင့်နိမ့်လိဂ်ကနေ အထက်ကြေး ပြန်ပေးထားတဲ့ အဝေးကွင်း ဝရက်ဇ်ဟမ်းအသင်းကို ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

ဝက်စ်ဟမ်း Vs ဘရစ္စတိုး

အိမ်ရှင်ဝက်စ်ဟမ်းအသင်း  ဥရောပပွဲစဉ်တွေ ကစားရဖို့ရှိပေမဲ့ ဒီဖလားပွဲကို နောက်တစ်ဆင့် တက်နိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီပွဲပြီးရင် နောက်နှစ်ပတ်လောက်ထိ အနားရဦးမှာ ဖြစ်လို့ ဒီပွဲကို လူစုံထုတ်ပြီး အနိုင်ရဖို့ ပြင်ဆင်ထားနိုင်ပါတယ်။ လိဂ်ဝမ်းကလပ် ဘရစ္စတိုး အသင်းကတော့ တိုက်စစ် ခံစစ် မျှတသလို ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသထားနိုင်တာ တွေ့ရပါတယ်။ ဘရစ္စတိုးအသင်း ပိတ်ကစားလာမယ် မထင်ဘဲ သူတစ်ပြန် ကိုယ်တစ်ပြန် ဖွင့်ကစားလာမယ်လို့ ထင်ပါတယ်။ ဒီပွဲစဉ်မှာတော့ နှစ်ဖက်သွင်းဂိုးတွေ မြင်ရဖို့ရှိတယ်လို့ ယူဆတဲ့အတွက် နှစ်သင်းပေါင်း သွင်းဂိုး အပေါ် တစ်မျိုးတည်းကိုသာ ရွေးချယ် ထားချင်ပါတယ်။

အာဆင်နယ် Vs လီဗာပူး

FA ဖလားပွဲစဉ်မှာ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပါတယ်။ နှစ်သင်းလုံး အမှတ်ပေးပွဲတွေရော ဥရောပ ပွဲစဉ်တွေရော အပြိုင်အ ဆိုင်ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အာဆင်နယ်က သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး သုံးဆယ်စား ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက လူစုံထုတ်ပြီး ကန်လာဖို့ ရှိပေမဲ့ ဂျာဂင်ကလော့ရဲ့ လီဗာပူးအသင်း လူစုံထုတ်လာဖို့ မသေချာပါဘူး။ လီဗာပူးနည်းပြ ဂျာဂျင်ကလော့က ဖလားပွဲတွေဆို လူငယ်ကစားသမားတွေနေရာပေးတတ်သလို ဒီပွဲပြီးရင် ကာရာဘောင်း ဖလား ဆီမီးဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်လို့ နောက်ပွဲကို စိတ်ပိုရောက်နေနိုင်ပါတယ်။ ဒီဖလားပွဲကို အာဆင်နယ်အသင်း အာရုံစိုက် ကစားဖို့ ရှိနေတာဖြစ်လို့ အိမ်ရှင် အာဆင်နယ်အသင်းကို ရွေးချယ် ထားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *