၆. ၁. ၂၀၂၄
Written by MMAK

ဆန်းဒါးလန်း Vs နယူးကာဆယ်

ဆန်းဒါးလန်းဟာ ချန်ပီယံရှစ်က ကလပ်အသင်းဖြစ်ပေမဲ့ အင်္ဂလန်ရဲ့ဝါရင့်အသင်းပါ။ နယူးကာဆယ်မှာ ဖလားပွဲကန်စရာဆိုလို့ ပရီးမီးယားလိဂ်နဲ့ အခုကန်မဲ့ FA Cup ပွဲသာ ရှိတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးပွဲမှာလည်း ဥရောပဝင်ခွင့်ရဖို့ ရုန်းကန်ရဖို့ ရှိသလို FA Cup ဖလားပွဲစဉ်ကနေ စောစောစီးစီးတော့ ထွက်အောင်ကန်မှာ မဟုတလို့ နယူးကာဆယ်ကို ရွေးချယ် ထားချင်ပါတယ်။

ကိုဗင်ထရီ Vs အောက်စဖို့

ချန်ပီရှစ်ကလပ် ကိုဗင်ထရီနဲ့ လိဂ်ဝမ်းကလပ် အောက်စဖို့တို့ ထိပ်တိုက်တွေ့ဆုံပွဲဖြစ်ပါတယ်။ အောက်စဖို့ရဲ့ ပွဲစဉ်တွေကို မကြည့်ဖူးပေမဲ့ ကိုဗင်ထရီရဲ့ ကစားပုံကိုကြည့်ဖူးတာ ဖြစ်တဲ့အတွက် ကစားပုံခြေစွမ်း ကောင်းတဲ့ အသင်းဖြစ်တာ တွေ့ရပါတယ်။ တစ်ဆင့်နိမ့် အောက်စဖို့ကို တစ်လုံးသရေပေးထားတဲ့ကြေးတန်းဟာ မျှတတဲ့ ပေါက်ကြေးဖြစ်ပါတယ်။ အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ရသွားမဲ့ အိမ်ရှင် ကိုဗင်ထရီကို ရွေးချယ်ထားချင်ပါတယ်။

စတုတ်စီးတီး Vs ဘရိုက်တန်

စတုတ်စီးတီးဟာ ဝါရင့်အသင်းတစ်သင်းဖြစ်သလို ခံစစ်မာဂုဏ်ရှိတဲ့ အသင်းမျိုးဖြစ်ပါတယ်။ ဒဏ်ရာရ ကစားသမားများနေတဲ့ အဝေးကွင်းမှာ ဘရိုက်တန်အသင်း အရံကစားသမားတွေ လူငယ်ကစားသမားတွေ ပွဲထွက်ပါဝင်လာနိုင်ပါတယ်။ ဘရိုက်တန်က ဘောလုံးကိုင်ကစားပြီး ခံစစ်ကောင်းတဲ့ စတုတ်စီးတီးက ပိတ်ကစားမဲ့ အနေအထားမှာ သွင်းဂိုးတွေ အများကြီး မြင်ရဖို့မရှိပါဘူး။ အများဆုံး သုံးဂိုးလောက်သာ ဖြစ်နိုင် ပြီး လေးဂိုးမရောက်နိုင်တဲ့ ပွဲလို့ ယူဆတဲ့အတွက် ဂိုးပေါင်းအောက် တစ်မျိုးတည်းကို ရွေးချယ်ထားချင်ပါတယ်။

QPR Vs ဘုန်းမောက်

ချန်ပီယံရှစ်ကလပ် QPR အသင်း တန်းဆင်းဇုန်ထဲ ရောက်နေချိန်မှာ FA ဖလားပွဲကို အာရုံစိုက်ကစားဖို့ မသေချာပါဘူး။ ဘုန်းမောက်ကတော့ ခြေစွမ်းကောင်းပြီး တိုက်စစ်က ဂိုးသွင်းသေချာသလို အရံကစားသမား အင်အားလည်း တောင့်တင်းပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်မှာ ရပ်တည်ထားနိုင်တဲ့ ဘုန်းမောက်အသင်း ဒီဖလားပွဲကို အာရုံစိုက်ထားဖို့ ရှိပါတယ်။ ဘုန်းမောက်က တစ်လုံး သုံးဆယ်ရှုံးပေးထားတဲ့ အခြေ အနေမှာ တစ်ဂိုးအနိုင်သေချာနေပြီး ပြားသုံးဆယ်နဲ့ အပြည့် လဲရမှာ ဖြစ်ပါတယ်။ ပြားသုံးဆယ် ရင်းပြီး ဘုန်းမောက်အသင်းကို ရွေးချယ် ထားစေချင်ပါတယ် ။

ချဲလ်ဆီး Vs ပရက်စတန်

ဒဏ်ရာရ ကစားသမားတွေ များနေတဲ့ ချဲလ်ဆီးအသင်း လူငယ်ကစားသမားတွေကို ပွဲထုတ်လာနိုင်ပါတယ်။ ချဲလ်ဆီးရဲ့ တိုက်စစ်က ဂိုးရဖို့ ရုန်းကန်နေရပြီး ပိတ်ကစားတဲ့အသင်းတွေဆို ဂိုးသွင်းဖို့ခက်ခဲတာ တွေ့ရပါတယ်။ ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်း အနေနဲ့ ချဲလ်ဆီးကွင်းမှာ ခံစစ်ပိတ်ကစားဖို့သာ ရှိပါတယ်။ ဘော်ဒီကြေး နှစ်လုံး နှစ်ဆယ် အရှုံး ဂိုးပေါင်းကြေး သုံးလုံး ငါးဆယ် အရှုံးဖြစ်ပါတယ်။ ပိတ်ကစားမဲ့ ပရက်စတန်အသင်းနဲ့ ဂိုးသွင်းမသေချာတဲ့ ချဲဆီးလ်အသင်းတို့ တွေ့ဆုံပွဲမှာ ဂိုးပေါင်းအောက် ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

မီဝေါ Vs လက်စတာ

မနှစ်က တန်းဆင်းသွားခဲ့တဲ့ လက်စတာ ချန်ပီယံရှစ်မှာ ခြေစွမ်းပြပြီး အမှတ်ပေးဇယားမှာ ဒုတိယအသင်းကို ဆယ်မှတ်ဖြတ် ဦးဆောင်ထားပါတယ်။ ခြေစွမ်းကောင်းပြသနေသလို အရံအင်အား ကောင်းမွန်တဲ့ လက်စတာအသင်း ဒီပွဲကို အာရုံစိုက်လာနိုင်ပါတယ်။ အမှတ်ပေးဇယား အလယ်က မီဝေါအသင်းလည်း အာရုံစိုက်လာနိုင်တယ် ဆိုပေမဲ့ လက်ရှိခြေစွမ်းနဲ့ ကစားသမားအင်အား ကွာခြားတာတွေ့ရပါတယ်။ တစ်လုံး ခြောက်ဆယ်စား ပေါက်ကြေးမှာ လက်စတာအသင်း အနိုင်ရသွားမယ်လို့ ယူဆတဲ့အတွက် လက်စတာကို ရွေးချယ် ထားချင်ပါတယ်။

ဘလက်ဘန်း Vs ကမ်းဘရစ်

ရလဒ်တွေ ဆိုးရွားနေတဲ့ အိမ်ရှင်ဘလက်ဘန်းအသင်း ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ အတွက် နိုင်ပွဲလိုအပ်နေတာဖြစ်ပါတယ်။ ငါးပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ဘလက်ဘန်း တစ်ဆင့်နိမ့်လိဂ်ကဖြစ်တဲ့ ကမ်းဘရစ်ကို အိမ်ကွင်းမှာ အနိုင်ကန်ဖို့ သေချာ ပြင်ဆင်ထားမှာပါ။ တိုက်စစ်ကစားပုံကောင်းသလို ဂိုးသွင်းသေချာတဲ့  အိမ်ရှင်ဘလက်ဘန်း အနိုင်သေချာတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဘော်ဒီကြေး တစ်လုံး သုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ကြေးမှာ အိမ်ရှင်ဘလက်ဘန်း အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ရမဲ့ ကြေးတန်းဖြစ်ပါတယ်။ အိမ်ရှင် အသင်းကို ရွေးချယ် ထားချင်ပါတယ်။

မစ်ဒယ်ဘရော့ Vs အက်စတွန် ဗီလာ

အမ်မရီရဲ့ ဗီလာအသင်း အမှတ်ပေးမှာလည်း ချန်ပီယံလိဂ်ဝင်ဖို့ ရုန်းကန်ကစားနေပါတယ်။ ဥရောပ ပွဲစဉ်တွေကိုလည်း ကစားရဦးမယ်။ ဖလားပွဲတွေလည်း ကစားရမယ်ဆို ပွဲဆက်တွေ များလာနိုင်ပါတယ်။ ဖလားပွဲမှာ လူငယ်ကစားသမားတွေ အရံကစားသမားတွေကို ပွဲထုတ်လာနိုင်ပါတယ်။ မစ်ဒယ်ဘရော့ကလည်း သမ္ဘာရင့်အသင်း တစ်သင်း ဖြစ်သလို သူတို့အိမ်ကွင်းမှာ ခံကန်လာနိုင်ပါတယ်။ အဝေးကွင်းညံ့တဲ့ဗီလာ ကပ်နိုင်ရုံလောက်သာ ဖြစ်နိုင်ပြီး ဂိုးတွေ အများကြီး မြင်ရမယ်လို့ မထင်ပါဘူး။ ဂိုးပေါင်းကြေး သုံးလုံး သရေအနေအထားမှာ လေးဂိုးမရောက်နိုင်တဲ့ အတွက် ဂိုးပေါင်းအောက် တစ်မျိုးတည်းကို ရွေးချယ် ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *