၃၀. ၁၂. ၂၀၂၃

Written by Thettant

အလုပ်လုပ်ဖို့ စက်ဘီးရောင်းတာကို မဝယ်ဘဲ ငွေ ၁ သိန်းခွဲကူညီပြီး စက်ဘီးယူထားမိရာက ပြန်လာရွေးချိန်မှာ ငွေ ၁၂၀၀၀ နဲ့ ဖုန်းတစ်လုံးပေးထားပြီး ဖုန်းလိုအပ်လို့ ပြန် လာယူချိန်မှာ ငွေ ၃၀၀၀၀ ကူညီသူရဲ့ မိခင်ကို ဓားနဲ့ အချက် ၃၀ ကျော် ထိုးခဲ့တယ်ဆိုတဲ့ဖြစ်စဥ် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဖြစ်စဥ်က ခန့်ငြိမ်း….ဆိုသူ တရားခံဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က Gym အတူဆော့ရင်း ခင်မင်သူအမျိုးသား ကို….ဆီကို အလုပ်လုပ်ဖို့ သူစီးနေတဲ့စက်ဘီးရောင်းချိန်မှာ Gym ဆော့ရင်းခင်မင်သူ ကို….က စက်ဘီးမလိုအပ်လို့ ငွေတစ်သိန်းခွဲကူညီထားတာကို ဒီဇင်ဘာ ၂၂ ရက်မှာ စက်ဘီးလာယူရင်း ငွေ ၁၂၀၀၀၀ နဲ့ Samsung A20 ဖုန်းကို ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၈ ရက်မှာ ဖုန်းလာယူမယ်ပြောပေမဲ့ မရွေးသွားဘဲ အိမ်မှာခဏနေပြီး ဒီဇင်ဘာ ၂၉ ရက်မှာတော့ သူဟာ ဖုန်းလိုတယ်ဆိုပြီးဆက်သွယ်ချိန် ကူညီသူကို….က ပြင်ပရောက်နေလို့ သူ့မိခင်ကို ပိုက်ဆံ ၃၀၀၀၀ ပေးခဲ့ရင် ဖုန်းယူသွားလို့ပြောချိန်မှာ ခန့်​ငြိမ်း….ဟာ သူငယ်ချင်းတစ်ယောက်နဲ့ သူ့ဖုန်းသွားယူရင်း ဖုန်းယူပေးတဲ့ ကူညီသူကို…..ရဲ့မိခင်ကို ဓားနဲ့အချက် ၃၀ ကျော်ထိုးပြီး လည်ပင်းပါလှီးသတ်ဖြတ်တာပါ။

လက်ရှိမှာ တရားခံခန့်​ငြိမ်း….ကို ဖမ်းမိထားပြီး အတူပါလာတဲ့ ကျုးလွန်သူတစ်ယောက် ထွက်ပြေးနေသလို ခြေနှစ်ချောင်းကို ကယ်ဆယ်မိသူရဲ့ မိခင်ကလည်းအသက်လုနေရဆဲလို့ လူမှုကွန်ရက်မှာ ပျံနှံ့နေတဲ့ပို့စ်တွေအရသိရပြီး လက်ရှိမှာတော့ တရားခံရဲ့အကောင့်မှာ Fb သုံးစွဲသူတွေက ဝိုင်းဝန်းဆဲဆိုနေကြချိန် အခုည ၁၀ နာရီလောက်မှာပဲ အကောင့်ဖျက်သွားတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *